Antidepressant and premenstrual syndrome

စိတ်မကျဆေးနဲ့ ရာသီလာစဉ်ခံစားရတာတွေကို သက်သာစေနိုင်

• ရာသီလာတဲ့အရွယ်ရှိ မိန်းကလေးတွေ အမျိုးသမီးတွေထဲက ၈၅% မှာ ရာသီလာတာနဲ့ဆက်စပ်ပြီး တမျိုးမဟုတ်တမျိုး ခံစားကြရတယ်။ အဲတာကို Premenstrual syndrome (PMS) လို့ခေါ်ပါတယ်။
• နောက်ဆုံး ဆေးသုတေသန သတင်း တခုအရ အဲလိုခံစားနေရတာကို စိတ်မကျဆေး ၂ မျိုး Fluoxetine နဲ့ Prozac ထဲက တမျိုးကို ရာသီလာကာနီးမှာ ဆေးအဆနည်းနည်းပေးရင် ခံစားရမှာတွေကို ကာကွယ်နိုင်တာ တွေ့ရပါတယ်။
• PMS ကို အများဆုံးခံစားကြရသူတွေက အသက် ၂ဝ နဲ့ ၄ဝ ကြားတွေဖြစ်တယ်။ တကယ်လို့ မိသားစုထဲမှာ Depression စိတ်ကျရောဂါ၊ ဒါမှမဟုတ် postpartum depression or mood ကလေးဖွါးပြီးနောက်စိတ်ကျတာ ဒါမှမဟုတ် စိတ်မူပြောင်းတာရှိသူဆိုရင် PMS ပိုဖြစ်ကြတယ်။
• ရာသီမလာခင် တပါတ်လောက်ကတည်းက  ဝက်ခြံထွက်တာ၊ ရင်သားတင်းနာတာ၊ အားယုတ်တာ၊ စိတ်တိုတာ၊ စိုးရိမ်တာ၊ အနာပိုမခံနိုင်တာတွေဖြစ်ကြရတယ်။ ရာသီလာတာနဲ့ သက်သာလာကြတယ်။

ဒေါက်တာတင့်ဆွေ
၁၂-၁၂-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး