Cancer tests ကင်ဆာ စစ်ဆေးခြင်း လမ်းညွှန်သစ်

ကင်ဆာတိုင်းကို ပြည်တည်နာပေါက်တာမျိုးလို ပျောက်သွားအောင်ကုသလို့ မဖြစ်နိုင်သေးပါ။ ကင်ဆာဖြစ်ပြီဆိုတာနဲ့ ၅ နှစ် အသက်ရှင်နှုန်းကိုသာ တွက်နိုင်ပါသေးတယ်။ ကင်ဆာအများစုကို စောစောသိလို့ စောစောဆေးကုသမှု စနစ်တကျခံယူလေ ရှင်နိုင်များလေလေဖြစ်တယ်။ တချို့ဆိုပျောက်တယ်လို့တောင် ပြောနိုင်လာပါတယ်။ စောစောသိအောင် ကြိုတင် ဆေးစစ်တာ လုပ်ဘို့ လမ်းညွှန်သစ်တွေလုပ်ပေးထားပါတယ်။ ပညာရှင်တွေက မတူတဲ့အယူအဆတွေရှိတယ်။ နှစ်ကာလ ပြောင်းလာတာနဲ့လဲ လမ်းညွှန်သစ်တွေထုတ်ပေးပါတယ်။ ဒီစာမှာ ၂ဝ၁၄ ခုနှစ်ဝက်က ထုတ်ထားတဲ့လမ်းညွှန်ဖြစ်ပါတယ်။

အဆုပ်ကင်ဆာ
လမ်းညွှန်ဟောင်း =  ဆေးလိပ်သောက်သူတိုင်း လူအစုလိုက်စစ်ဆေးခြင်း (ဆခရင်လုပ်ခြင်း) က အကျိုးများစေတယ်။
လမ်းညွှန်သစ် = ၂ဝ၁၃ ကစပြီး USPSTF အဆိုအရ ဆေးလိပ်များများသောက်သူတွေ အသက် ၅၅ ကျော်ရင် CT scan လုပ်ပါ။

ယောက်ျားဆီးကျိတ်ကင်ဆာ
လမ်းညွှန်ဟောင်း = ယောက်ျား အသက် ၅ဝ ကျော်ရင် PSA test + Rectal exam လုပ်ပါ။ အသက် ၇၅ ကျော်ရင် မလို။
လမ်းညွှန်သစ် = USPSTF အဆိုအရ PSA test မလို။ Rectal exam အစာဟောင်းအိမ် (စအိုကတဆင့်) လက်ချောင်းထည့် စမ်းတာလုပ်ပါ။ ACS အဆို အသက် ၅ဝ ကျော်ရင် ဆရာဝန်နဲ့ဆွေးနွေးပါ။

အရေပြားကင်ဆာ
လမ်းညွှန်ဟောင်း = လူအစုလိုက်စစ်ဆေးခြင်း (ဆခရင်လုပ်ခြင်း) ကိုအားပေးတယ်။
လမ်းညွှန်သစ် = USPFTF အဆို အဲလိုလုပ်ဘို့မလိုပါ။ အသားအရေဖြူသူတွေမှာ Melanoma အရေပြားကင်ဆာ ဖြစ်နိုင်ခြေ ပိုများတယ်။ ACS အဆို ကိုယ့်ဖါသာ အရေပြားစစ်ကြည့်နေပါ။ ပြောင်းလဲမှုထူးခြားတာတွေ့ရင် ဆရာဝန်ပြပါ။

သားအိမ်ဝ (ခေါင်း) ကင်ဆာ
လမ်းညွှန်ဟောင်း = USPSTF အဆိုအရ အသက် ၂၁ နှစ်ကနေ ၆၅ နှစ်ကြား အမျိုးသမီးတိုင်း Pap smear စစ်ဆေးတာ ၃ နှစ်တခါ လုပ်ပါ။
လမ်းညွှန်သစ် = လမ်းညွှန်ဟောင်းအတိုင်း လိုက်နာပါ။ USPSTF အဆိုအရ စစ်ဆေးမှုလုပ်ရတာနည်းချင်သူတွေ အသက် ၃ဝ ကနေ ၆၅ နှစ်ကြား Pap smear + HPV test တွဲပြီး ၅ နှစ်တခါလုပ်ပါ။

အူမကြီးကင်ဆာ
လမ်းညွှန်ဟောင်း = အသက် ၅ဝ ကျော်သူတိုင်း Colonoscopy ကိရိယာနဲ့စစ်ဆေးတာခံယူပါ။
လမ်းညွှန်သစ် = USPSTF အဆိုအရ အသက် ၅ဝ ကနေ ၇၅ နှစ်ရှိသူ ယောက်ျားမိန်းမတိုင်း အစုလိုက်စစ်ဆေးမှုခံယူပါ။ ၇၆ နှစ်ကျော်ရင်မလိုပါ။ မိသားစုရာဇဝင်မှာ အူမကြီးကင်ဆာရှိထားရင် စောပြီးစစ်ဆေးမှုခံယူပါ။

ရင်သားကင်ဆာ
လမ်းညွှန်ဟောင်း = အသက် ၄ဝ ကျော်ရင် အမျိုးသမီးတိုင်း Memogram နှစ်စဉ်ရိုက်ပါ။
လမ်းညွှန်သစ် = ၂ဝဝ၉ ကစပြီး USPSTF အဆိုအရ အသက် ၅ဝ ကနေစပြီး Memogram ရိုက်ပါ။ ACS အဆိုအရ အရင်လမ်းညွှန်အတိုင်းသာလုပ်ပါ။ မိသားစုမှာ ရင်သားကင်ဆာရာဇဝင်ရှိသူတိုင်း ဆရာဝန်နဲ့ဆွေးနွေးပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး