Ladies second အမျိုးသမီးတွေကို မေတ္တာပိုလာပါသတဲ့

• လာမဲ့ရွေးကောက်ပွဲမှာ အရည်အချင်းရှိတဲ့ အမျိုးသမီးကိုယ်စားလှယ်တွေ ပိုပြီးပါစေသင့်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌကနေ ပြောလိုက်ပါသတဲ့။
• သူများတိုင်းပြည်တွေမှာတော့ ရွေးကောက်ပွဲကော်မရှင်ကနေ အဲလိုပြောတာ မရှိလှပါ။ ရွေးကောက်ပွဲကိစ္စကိုသာ ပြောရမှာပါ။ အဲတာက နိုင်ငံရေးပါတီတွေနဲ့သာဆိုင်ပါတယ်။
• လက်ရှိလွှတ်တော်အဆင့်ဆင့်မှာ အမျိုးသမီး ဘယ်လောက်သာပါတယ်လို့ ထောက်ပြနေကြတယ်။ လက်ရှိ အမျိုးသမီးကိုယ်စားလှယ်တွေရဲ့ စွမ်းဆောင်ချက်တွေကိုတော့ ပြောကြတာ မကြားသေးပါ။
• အမျိုးသမီးတိုင်းမှာ သမတဖြစ်ခွင့်မရှိတာကို ပြောလဲမထူးတော့လို့လား အသံတိတ်နေတယ်။ အမတ်တော့ အမျိုးသမီးတွေ များချင်လဲများစေဆိုတဲ့သဘောလား။
• ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ကာလုံဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်တွေမှာပါ သမတဖြစ်ခွင့်လိုပဲ အမျိုးသမီးတွေကို ပိတ်ထားသလား။

ဒေါက်တာတင့်ဆွေ
၁၅-၁၂-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး