Emergency contraception အရေးပေါ် တားဆေး-တားနည်း (၃) မျိုး

၁။ Progestin-only pills (POPs) = Plan B = Emergency contraception (EC) = Emergency contraceptive pills (ECPs) = Morning-after pill = Day after pills = Ecee 2 လိင်ဆက်ဆံပြီး မြန်မြန်သုံးလေ စိတ်ချရလေဖြစ်တယ်။ ဆက်ဆံအပြီး ၅ ရက်အတွင်း သုံးနိုင်တယ်။ ၂၄ နာရီအတွင်း သောက်ရင် ၉၅%၊ ၂၄-၄၈ နာရီအတွင်းသောက်ရင် ၈၅%၊ ၄၈-၇၂ နာရီအတွင်း သောက်ရင် ၅၈% စိတ်ချရတယ်။ ၅ ရက်အတွင်းလဲ သောက်နိုင်တယ်။ % မရှိသေးဘူး။

ဆေးစာ အသေအခြာဖတ်ပါ။ Levonorgestrel 1.5 mg တလုံး တကြိမ်တည်း၊ ဒါမှမဟုတ် 750 μg နှစ်ခါခွဲ ၁၂ နာရီတခါ သောက်နိုင်တယ်။ ဥပမာ Ecee2 ၂ ပြာပါဆေး။ သားပျက်စေတဲ့ ဆေးမဟုတ်ဘဲ သန္ဓေမတည် (မကပ်နိုင်) အောင်သာ လုပ်ပေးခြင်း ဖြစ်တယ်။ ဘေးထွက်ဆိုးကျိုးတွေက ပျို့ခြင်း၊ အန်ခြင်း၊ ရင်သားတင်းခြင်း။ နေမကောင်း ဖြစ်ခြင်း၊ မောပန်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်သားတင်းခြင်း၊ ဗိုက်အောင့်ခြင်း။ လိင်ကတဆင့် ကူးစက်ရောဂါတွေကို အကာအကွယ် မပေးနိုင်ပါ။ ဆက်ပြီးကာကွယ်လိုရင် အရေးပေါ်ဆေးအပြင် တခြားနည်းတွေကိုပါ သုံးဘို့လိုတယ်။

၂။ Combined oral contraceptive pills (COCs) ဟော်မုန်း ၂ မျိုးတွဲဆေးများကို အရေးပေါ်တားဆေးအဖြစ်သုံးခြင်း
• Cryselle (Ethinyl estradiol and Norgestrel), Levlen (Ethinyl estradiol and Levonorgestrel), Lo-Ovral (Ethinyl estradiol and Norgestrel), Marvelon 28 (Desogestrel 0.15 mg and Ethinyl estradiol 0.03 mg), Nordette (Ethinyl estradiol and Norgestrel), Low – Ogestrel (Ethinyl estradiol and Norgestrel), Levora (Ethinyl estradiol and Levonorgestrel), Seasonale (Ethinyl estradiol and Levonorgestrel), Tri-Leven (Ethinyl estradiol and Levonorgestrel), Trivora, or Tri Phasil (Ethinyl estradiol and Levonorgestrel) လိင်ဆက်ဆံပြီးနောက် ၅ ရက်အတွင်း၊ ၄ လုံး ချက်ချင်း သောက်ပါ။ ၁၂ နာရီခြာပြီး နောက်ထပ် ၄ လုံး ထပ်သောက်ပါ။
• Alesse (Ethinyl estradiol and Levonorgestrel) လိင်ဆက်ဆံပြီးနောက် ၅ ရက်အတွင်း၊ ၅ လုံး ချက်ချင်းသောက်ပါ။ ၁၂ နာရီ ခြာပြီး နောက်ထပ် ၅ လုံး သောက်ပါ။
• Preven (Ethinyl estradiol and Levonorgestrel) လိင်ဆက်ဆံပြီးနောက် ၃ ရက်အတွင်း၊ ၂ လုံး ချက်ချင်း သောက်ပါ။ ၁၂ နာရီ ခြာပြီး နောက်ထပ် ၂ ပြား သောက်ပါ။
• Ovral = Lo Ovral (Ethinyl estradiol and Norgestrel) လိင်ဆက်ဆံပြီးနောက် ၅ ရက်အတွင်း၊ ၂ လုံး ချက်ချင်း သောက်ပါ။ ၁၂ နာရီ ခြာပြီး နောက်ထပ် ၂ လုံး ထပ်သောက်ပါ။

၃။ Copper T 380-A IUD သားအိမ်ထဲ ပစ္စည်းထည့်နည်း
လိင်ဆက်ဆံပြီး ၅-၈ ရက်အတွင်း သုံးနိုင်တယ်။ ၉၉% စိတ်ချရတယ်။ တာရှည် (၃-၅ နှစ်) ကာကွယ်နည်းလဲ ဖြစ်တယ်။

Emergency pills အရေးပေါ်တားဆေး ထိရောက်မှု
Levo 72 ဆေးဟာ အရေးပေါ်တားဆေးတခု ဖြစ်တယ်။ Levonorgestrel 0.75mg ပါတယ်။ အရေးပေါ်တားဆေးတိုင်းကို ဆက်ဆံမှုပြုပြီး ၇၂ နာရီအတွင်း သောက်ရလို့ ဆေးနာမည်တွေမှာ 72 လို့ပါတာဖြစ်တယ်။ အမေရိကားမှာတော့ Morning after pills လို့ လူသိများတယ်။ ဒီဆေးတွေ အားလုံးထဲမှာ Levonorgestrel ပါတယ်။ ဓါတ်ခွဲခန်းမှာထုတ်လုပ်တဲ့ ဒုတိယမျိုးဆက် Progestogen (ပရိုဂျက်စတီရုန်း) ဟော်မုန်းဖြစ်တယ်။ ၂ လုံးတွဲဆေးကပ်က ပဌမ ဆေးလုံးကို ဖြစ်နိုင်သမျှ မြန်မြန်သောက်ပြီး နောက် ၁၂ နာရီတိတိမှာ ဒုတိယဆေးလုံး သောက်ရတယ်။ အရေးပေါ် တားဆေးတိုင်းဟာ အရေးပေါ်အတွက်သာဖြစ်လို့ ပုံမှန်တားနည်းအနေနဲ့ မသုံးသင့်ဘူး။

၅ ရက်အတွင်း သောက်ရင်တောင်မှ ရာခိုင်နှုန်းအတော်များများ တားနိုင်တယ်လို့ WHO ကနေ ပြောထားပြန်တယ်။ အရေးပေါ် တားဆေးတွေ ဘယ်လောက်ထိရောက်သလဲ။ ဆေးအမျိုးအစားနဲ့ ဆေးသောက်ချိန် အပေါ်မှာ မူတည်တယ်။ ဆေးနဲ့နည်း (၄) မျိုးကိုယှဉ်ကြည့်ပါမယ်။

၁။ Progestin-only emergency contraceptive pills (ပရိုဂျက်စတင်) တမျိုးတည်းပါတဲ့ အရေးပေါ် တားဆေးတွေ ဖြစ်တဲ့ Plan B One-Step, Next Choice One Dose, Next Choice and Levonorgestrel Tablets ဆေးတွေက အထိရောက်ဆုံး ဆေးတွေ ဖြစ်ပါတယ်။ ၈၈% ထိရောက်တယ်။ တကယ်လို့ အကာအကွယ်မပါဘဲ ဆက်ဆံမှုပြုပြီး ၂၄ နာရီအတွင်း သောက်ရင် ၉၅% ထိရောက်တယ်။ တိုင်းတာစမ်းသပ်ရတာ ခက်ခဲလို့ လက်တွေ့မှာ ဒိထက်နည်းနိုင်တာကို သတိထားရပါမယ်။ (ပရိုဂျက်စတင်) တမျိုးတည်းပါတဲ့ အရေးပေါ်တားဆေးက ၇၂ နာရီနောက် ၁၂ဝ နာရီအတွင်း သောက်ရင် တားနိုင်စွမ်း နည်းနည်းလာပေမဲ့ Ella ဆေးက ၁၂ဝ နာရီအထိ တားပေးနိုင်စွမ်း နည်းမသွားဘူး။

မြန်မာပြည်မှာ ဝယ်ရတယ်လို့သိရတဲ့ Postinor ဆိုတာက Postinor-2, Postinor Duo နာမယ်တွေနဲ့ တချို့နိုင်ငံတွေမှာ ရှိတယ်။ အရေးပေါ်တားဆေးဖြစ်တယ်။ ဆေးတကပ်မှာ ၂ လုံးပါတယ်။ Levonorgestrel 1.5 mg ပါတယ်။ ဆက်ဆံအပြီး ၃-၅ ရက် အတွင်း သောက်ရမယ်။ Postinor 1, Postinor2 Unidosis နာမယ်နဲ့ဆိုတာက ဆေး ၁ လုံးထဲသာပါတယ်။ ဆေးပါတာကတော့ Levonorgestrel 1.5 mg အတူတူဘဲ။ Postcoital high-dose progestin-only oral contraceptive pills ဆေးတမျိုးတည်း များများစားစားပါတဲ့ဆေးလို့ ရေးထားပါတယ်။ ဆေးညွှန်ကို တိတိကျကျ လိုက်ဘို့လိုတယ်။ ဆက်ဆံတဲ့အကြိမ် နည်းသူတွေသာ သုံးသင့်တယ်။ ဒီဆေးကို ပုံမှန်သဘောသုံးသူတွေမှာ တနှစ်အတွင်း ကိုယ်ဝန်ရနိုင်မှာ ၂ဝ % ရှိတယ်။ Yuzpe regimen ကို အဲလိုသုံးရင် တနှစ်မှာ ၄ဝ% ကိုယ်ဝန်ရနိုင်တယ်။ အရေးပေါ်သာ ကောင်းတာမို့ ဖြစ်တယ်။

၂။ Antiprogestin ပါတဲ့ Ella ဆေးက ပိုထိရောက်တယ်။ ဒီဆေးကို ၂၄ နာရီအတွင်း သောက်ရင် (ပရိုဂျက်စတင်) တမျိုးတည်းပါတဲ့ အရေးပေါ်တားဆေးထက် ၆၅% ကိုယ်ဝန်ရလမ်း ပိုနည်းတယ်။ ၇၂ နာရီအတွင်းသောက်ရင် ၄၂% ကိုယ်ဝန်ရလမ်း ပိုနည်းတယ်။

၃။ Progestion + Estrogen ဟော်မုန်း ၂ မျိုးတွဲ အရေးပေါ်တားဆေး နောက်တမျိုးကတော့ ကိုယ်ဝန်မရလမ်း ၇၅% ရှိတယ်။

၎။ Copper-T IUD (ကောပါး-တီ) ပစ္စည်းထည့်တာက ၉၉% ထိရောက်တယ်။

ဘယ်အရေးပေါ်တားဆေး၊ တားနည်းဖြစ်ဖြစ် ပုံမှန်တားဆေး၊ တားနည်းတွေထက်တော့ ကိုယ်ဝန်ရလမ်း နည်းကြတာ ချည်းဘဲ။ တကယ်လို့ အရေးပေါ်တားဆေး Plan B One-Step, Next Choice One Dose, Next Choice, Levonorgestrel Tablets တွေကို တနှစ်တာသုံးမယ်ဆိုရင် ၂ဝ%၊ ဟော်မုန်း ၂ မျိုးတွဲ အရေးပေါ် တားဆေးဆိုရင် ၄ဝ% ကိုယ်ဝန်ရလမ်း ရှိနိုင်တယ်။ ဒီအချက်အလက်တွေကြောင့် ဆက်ဆံမှုပြုစရာရှိသူတိုင်းကို ပုံမှန်တားဆေး၊ တားနည်းတွေကိုသာ ရွေးချယ်ပါလို့ တိုက်တွန်းပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး