Wednesday, December 17, 2014

Colors of your nails လက်သည်းအရောင်

ဆရာရှင့် သိချင်တာလေးတခုရှိလို့ ဖြေပေးစေချင်ပါတယ်။ အမှားပါရင်ခွင့် လွတ်ပါနော်။ လက်သည်း ပါးပြီး အရောင် ညိုနေရင် ဘယ်လိုလုပ်ရမှာပါလဲရှင့်။

လက်သည်းတွေကနေ သင့်ကျန်းမာရေးကို ပြောပြနေတယ်လို့ ဆေးပညာမှာ ရှိတယ်။

၁။ Pale Nails အရောင်ဖျော့တော့နေရင်
• Anemia သွေးအားနည်း၊
• Congestive heart failure နှလုံးအလုပ်မနိုင်တော့ခြင်း၊
• Liver disease အသည်းရောဂါ၊
• Malnutrition အာဟာရချို့တဲ့ခြင်း၊

၂။ White Nails လက်သည်းဖြူနေရင်
• Hepatitis အသဲရောင်ခြင်း၊
• Jaundice အသားဝါရောဂါ၊

၃။ Yellow Nails လက်သည်းဝါနေရင်
• Fungal infection ဖန်းဂတ်းစ် (မှို) ပိုးဝင်နေခြင်း၊ ပိုဆိုးလာရင် လက်သည်းအခြေကဖုတ်ယုတ်ပြီး လက်သည်းတွေ ကြွတ်ဆတ်လာမယ်။
• Thyroid disease လည်ပင်းကြီးရောဂါ၊
• Lung disease အသဲရောဂါ၊
• Diabetes ဆီးချို၊
• Psoriasis ဆိုရီယေးဆစ်ရောဂါ။

၎။ Bluish Nails လက်သည်းပြာနေရင်
• Oxygen အသက်ရှူလေထဲက အောက်စီဂျင်နည်းနေလို့၊ အဆုပ်ရောဂါ၊ ဥပမာ နူမိုးနီးယား၊
• Heart problems နှလုံးရောဂါ၊

၅။ Rippled Nails လက်သည်းတွေ ဖေါင်းရောင်နေရင်
• Psoriasis ဆိုရီယေးဆစ်ရောဂါ၊ အပေါက်လေးတွေလဲရှိနိုင်တယ်။
• Inflammatory arthritis အဆစ်ရောင်ရောဂါ၊

၆။ Cracked or split nails လက်သည်းကွဲအက်နေရင်
• Thyroid disease  လည်ပင်းကြီးရောဂါရှိနေရင် ခြောက်ပြီး ကြွတ်ဆတ်မယ်။
• Fungal infection ဖန်းဂတ်စ် (မှို) ပိုးဝင်နေရင် ခပ်ဝါဝါလဲနေမယ်။

၇။ Puffy Nail Fold လက်သည်းနားကအရေပြးနေရာဖေါင်းမေယ်ဆိုရင်
• Inflammation of the nail fold အဲဒီနေရာရောင်လို့၊
• Lupus လူးပတ်စ်ရောဂါ၊
• Connective tissue disorder တွယ်ဆက်တစ်ရှူးရောဂါ၊

၈။ Dark lines beneath the nail လက်သည်းအောက်မှာ အပြာရောင်အစဉ်းတွေရှိနေရင်
• Melanoma အရေပြားကင်ဆာ၊

၉။ Gnawed Nails လက်သည်းကိုက်တဲ့အကျင့်ရှိရင်
• Persistent anxiety စိုးရိမ်စိတ်တဲနေလို့၊
• Obsessive-compulsive disorder စိတ်ရောဂါနဲ့ဆက်စပ်နေနိုင်တယ်။

၁ဝ။ Nails are only part of the puzzle လက်သည်းဟာ ကျန်းမာရေးပဟေဠိဖြစ်နိုင်တယ်
• Dermatologist မသေချာရင် အရေပြားအထူးကုဆရာဝန်ကိုပြပါ။

ဒေါက်တာတင့်ဆွေ
၆-၄-၂ဝ၁၄

No comments:

Post a Comment

Note: Only a member of this blog may post a comment.

တကယ်ကြီးပွားလိုသူများ

ဘူးတလုံးဆောင် အိုအောင်မဆင်းရဲ ပီမိုးနင်း ဘဝတိုက်ပွဲ ဒေါက်တာတင့်ဆွေ ၁၂-၇-၂၀၂၀