Formalin အပုပ်အသိုးခံဆေးရည်
• ရွှေအလင်းတန်း၊ ခင်ဗျားတို့မှာ ထမင်းကြမ်းခဲသာပါတဲ့နေ့လည်စာ၊ မြေမှာလဲပတ်ကြားအက်၊ ထန်းလက်အမိုးနဲ့ အကာမလုံတဲ့ စာသင်ကျောင်းပုံတွေ စုဆောင်းလို့မကုန်ဖြစ်နေကြထင်ပ။
• အမယ်စုံဟင်းလျှာနဲ့ ညစာစားပွဲကြီးတွေ၊ ငွေရောင်အနားသတ်နဲ့ တိမ်ဆိုင်တွေ၊ စုလစ်မွန်းချွန်တွေဝေနေတဲ့ အဆောက်အဦတွေဆီတော့ ခြေလှမ်းကမမှီကြဘူးထင်ပ။
• ကျောင်းဝတ်စုံမှ မစုံတဲ့ကလေးတွေသာမြင်ပြီး၊ ကြိုးကြီးချိတ်ရောင်စုံနဲ့ မောင့်ကျက်သရေတွေကိုတော့ သွားရည်မကျကြဘူးထင်ရ။
• ဆရစ်ဝိုင်းလေးတွေများ ရှားပါးယဉ်ကျေးမှုလို့ မှတ်တမ်းတင်နေသေး။ ဆေးရောင်စုံမီးဆလိုက်နဲ့ (ဒင်းမ်လိုက်) အောက်မှာ အတောင်ပေါက်ကာစတွေကပေါလှဆို။
• စက်ဘီးအို၊ ဆိုင်ကယ်စုတ်နဲ့သာတန်တဲ့သူတွေဟာ ဘယ်မှာလာ ဆယ်လမ်းသွားလမ်းမကြီး စီးခွင့်ရမလဲဗျ။
• တောမှာက မပြောင်းသေးဘူးလို့ပြောနေကြ။ တောသဘာဝကို ထိန်းသိမ်းတားတာကိုက ချီးကျူးရမှာ။
• ကျွန်တော်တော့ဗျာ အဲလိုရှားတာတွေကို မပျက်စီးစေချင်လို့ (ဖေါ်မလင်) ပို့ပေးရမလား စဉ်းစားနေတယ်ဗျ။
(ကျေးလက်တောရွာတွေမှာ တတ်နိုင်တာလေးတွေ လိုက်အကူအညီပေးနေကြတဲ့ မုံရွာက ရွှေအလင်းတန်း အဖွဲ့သူ အဖွဲ့သားများသို့)
ဒေါက်တာတင့်ဆွေ
၁၂-၁၂-၂ဝ၁၄

Comments
Post a Comment