Facebook "Dislike"

• (ဖေ့စ်ဘွတ်) မှာ (ဒစ်စလိုက်) မကြိုက်ဆိုတာ လုပ်ပေးဘို့ စဉ်းစားနေတယ်လို့ ဖေ့စ်ဘွတ် တည်ထောင်သူ Mark Zuckerberg (မာ့ခ် ဇူကာဘတ်ခ်) ကနေ ပြောလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ အကြံပြုချက်တွေထဲမှာ အများဆုံးဖြစ်လို့ပါတဲ့။
• ဒါပေမဲ့ အဲလိုလုပ်ပေးတာဟာ (ပို့စ်) ကို Demean စော်ကားတာမျိုးမဖြစ်ရအောင်လဲ ကြံဆနေပါတယ်။
• ကနေ့ (ဖေ့စ်ဘွတ်) သုံးသူတွေကနေ တနေ့မှာ Like ပေါင်း ၄့၅ ဘီလီယန်လုပ်နေကြပါတယ်။
• နေ့တိုင်း လူအတော်များများဟာ စိတ်မကောင်းစရာမျိုးတွေလဲတွေ့နေကြရတယ်။ အဲလိုသတင်းမျိုးကို လိုက်ခ် လုပ်ဘို့လဲ မလုပ်ချင်ကြပါ။ အဲလိုလုပ်ရတာ ကိုယ်ဆိုလိုချင်တာနဲ့မကိုက်ညီ၊ သဘာဝမကျလို့ပါ။
• Fake likes တကယ်မကြိုက်ဆိုတာတွေ များလာလို့ ဝေဖန်ခံလာရပါတယ်။ ၂ဝ၁၂ ခုနှစ် ဇူလိုင်လထဲမှာ (ဘီဘီစီ) ကနေ လေ့လာမှုတခုလုပ်ခဲ့ပါတယ်။ အဲလို အတုဆိုတာရှိတာ တွေ့ရပါတယ်။
• အသေအချာစစ်တော့ (လိုက်ခ်) တွေတချို့ဟာ လူကနေလုပ်တာမဟုတ်တဲ့အချက်ကို တွေ့ရပါတယ်။ အထူးသဖြင့် ဖိလစ်ပိုင်ကလာတာများတယ်။ အဲလိုဖြစ်တာကို ဥပဒေကြောင်းအရအရေးယူဘို့ (ဖေ့စ်ဘွတ်) ကစလုပ်ပါတော့မယ်။

ဒေါက်တာတင့်ဆွေ

Facebook ‘dislike’ button thumbs-down အခုတော့မဟုတ်သေးပါ
• စောစောလေးတင် ကျွန်တော်တင်တဲ့ ပို့စ်က လွန်ခဲ့တဲ့ တရက်ကျော်ကထွက်တဲ့ (ဘီဘီစီ) သတင်းကို အခြေခံပါတယ်။
• အခု လွန်ခဲ့တဲ့ နေ့တဝက်သတင်းအရတော့ (ဖေ့စ်ဘွတ်) မှာ (ဒစ်လိုက်) ခလုတ်ကို ထည့်ဘို့ လောလောဆယ် အစီအစဉ်မရှိသေးဘူးလို့  Facebook CEO (မာ့ခ် ဇူကာဘတ်ခ်) ကပြောလိုက်ပါသတဲ့။
• လူတွေဟာ စိတ်ခံစားမှု အမျိုးမျိုးကိုဖေါ်ပြနေကြပါတယ်။ အပြုသဘောဆောင်တာကိုသာမက တခြားဟာတွေကိုပါ ထုတ်ပြောချင်ကြတာတွေ ရှိကြပါတယ်။
• “အဲလိုလူတွေရဲ့ စိတ်ခံစားမှုကိုထုတ်ဖေါ်ဘို့လုပ်ထားနိုင်ရင် အားပိုကောင်းမှာ အမှန်ဖြစ်ပေမဲ့ အသင့်တော်ဆုံး ဖြစ်စေဘို့ ကြံဆရပါအုံးမယ်” လို့သူကဆိုလိုက်ပါတယ်။
• “ဒါမှသာ a force for good and not bad အကောင်းဖက်အတွက် အားတခု ဖြစ်မယ်၊ အဆိုးတွက်မဟုတ်ပါ၊ ဒါ့ပြင် တဖက်သားကိုလဲ demeaning စော်ကားရာမကျစေချင်ပါ” တဲ့။

ဒေါက်တာတင့်ဆွေ
၁၂-၁၂-၂ဝ၁၄
ည ဝနာရီ ၄၃ မိနစ်။

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး