2014 one of worst years for children ကလေးတွေ ကံမကောင်းခဲ့တဲ့နှစ်

• ၂ဝ၁၄ ခုနှစ်အတွင်းက ကမ္ဘာမှာ ကလေးပေါင်း ၁၅ သန်းဟာ ကြီးမားတဲ့အကြမ်းဖက်ပဋိပက္ခတွေထဲမှာ ကျရောက်ခဲ့ရတယ်။
• ဒီနှစ်ထဲမှာ ကလေးတွေအတွက် ကြောက်စရာတွေ၊ ထိတ်လန့်စရာတွေ၊ စိအားငယ်စရာတွေကိုကြုံခဲ့ကြရတယ်လို့ UNICEF အဖွဲ့ရဲ့ အစီရင်ခံစာကဆိုပါတယ်။
• ဗဟိုအာဖရိကသမတနိုင်ငံ၊ အီရတ်၊ ဆူဒန်တောင်ပိုင်း၊ ပါလစ္စတိုင်း၊ ဆီးရီယားနဲ့ ယူကရိန်းနိုင်ငံတွေမှာ အဆိုးဆုံး ဖြစ်တယ်။ ကိုယ့်ပြည်တွင်းထဲမှာ နေရာရွေ့နေကြရတဲ့ဒုက္ခသည်တွေလဲပါတယ်။ ကမ္ဘာကြီးမှာ လက်နက်ကိုင် စစ်ပွဲတွေကြားမှာ နေရတဲ့ ကလေးပေါင်း သန်း ၂၃ဝ ရှိတယ်။
• စာသင်ကျောင်းကနေ ပြန်ပေးဆွဲခံရတဲ့ကလေးတွေ၊ စစ်တပ်တွေကနေ စစ်သားစုဆောင်းခံရသူတွေလဲပါတယ်။ ကျောင်းတွေ၊ ကျန်းမာရေးဌာနတွေကိုလဲ တိုက်ခိုက်ခံရတယ်။ စာသင်ကျောင်းတွေကို စစ်ပွဲအတွက်သုံးတာလဲ ခံရတယ်။
• ဒီနှစ်ထဲမှာ ကလေးတွေရဲ့ ကျန်းမာရေးလဲ အတော်ထိခိုက်ခဲ့တယ်။ ဂီနိ၊ လိုက်ဘေးရီးယား၊ ဆာရာလီယွန်း နိုင်ငံတွေမှာ (အီဗိုလာ) ရောဂါကပ်ကြီးခံနေရဆဲဖြစ်တယ်။ မိဘမဲ့ဖြစ်ရတဲ့ကလေးတွေနဲ့ ကျောင်းမနေနိုင်တဲ့ ကလေးတွေ ၅ သန်း ရှိတယ်။
• လာမဲ့နှစ်မှာ မြန်မာပြည်ကကလေးတွေ ကံကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၁၂-၁၂-၂ဝ၁၄

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး