HIV re-emerges in 'cured' Mississippi girl
• အမေရိကန်ပြည်ထောင်စု၊ ‘မစ်ဆစ္စပိ’ က အသက် ၄ နှစ်အရွယ် ကလေးမလေးမှာ အရင်က HIV ကင်းပျောက်နေပြီလို့ သတ်မှတ်ခဲ့တာ အခုစစ်ဆေးတော့ မပျောက်သေးတာတွေ့လာရတယ်။
• ကလေးမလေးကို ပိုးမရှိတော့ဘူးဆိုပြီး ဆေးမပေးဘဲထားခဲ့တာ ၂ နှစ်နီးပါးကြာပါပြီ။ သူ့ကို ချစ်နိုးနဲ့ "Mississippi baby" မစ်ဆစ္စပိကလေးမလို့ခေါ်ခဲ့ပါသေးတယ်။
• ကလေးမကို အသက် ၁၈ လအထိ ဆေးပေးခဲ့ပြီး ဘယ်နေရာရောက်သွားမှန်းမသိလို့ ဆေးမပေးနိုင်တော့ပါ။ ၁ဝ လကြာတော့မှ သူ့အမေကဆေးဆက်ကုမပေးပေမဲ့ ကလေးမမှာ HIV ပိုးမတွေ့တော့လို့ အားလုံးက အံ့သြခဲ့ရတယ်။ ဒီသတင်းထူးကို ကျွန်တော့ ဘလော့ခ်မှာလဲ တင်ခဲ့ပါတယ်။
• ဒါပေမဲ့ ပြီးခဲ့တဲ့အပါတ်မှာ ဆေးပြန်စစ်တော့ ပိုးပြန်တွေနေရတယ်။ ပိုးတွေက ဘာလို့ပြန်ပြီး ခေါင်းထောင်လာယ် ဆိုတာကို ဆရာဝန်တွေက မပြောနိုင်သေးပါ။
• ဒုတိယကလေးကိုတော့ ၂ဝ၁၃ ဧပြီလထဲတုံးက လော့စ်အင်းဂျဲလိစ်မှာ မွေးကတည်းကနေ ဆေးပေးထားတယ်။ အခုလဲပေးနေပါတယ်။
• လူကြီးထဲကတယောက်တော့ ပျောက်တဲ့သတင်းရှိထားပါတယ်။ ၂ဝဝ၇ မှာ ‘တင်မော်သီ ဘရောင်း’ ဆိုသူ ရိုးတွင်းခြင်ဆီအစားထိုးကုသရင်း HIV ရခဲ့တယ်။ သူအခုပိုးမရှိတာ ၅ နှစ်ရှိနေပါပြီ။ ဒီသတင်းကိုလဲ တင်ပေးခဲ့ပါတယ်။
ဒေါက်တာတင့်ဆွေ
၁၁-၇-၂ဝ၁၄

Comments
Post a Comment