Stress, depression and the holidays အားလပ်ရက်များနဲ့ စိတ်ကျန်းမာရေး

သူများနိုင်ငံတွေမှာ ဒီဇင်္ဘာဆိုရင် အားလပ်ရက်တွေများလို့ စိတ်လှုပ်ရှားတက်ကြွကြတယ်။ ခရစ္စမတ်ကနေ နှစ်သစ်ကူးအထိ အလုပ်နားကြသူတွေကအများစုဖြစ်တယ်။ ဒါပေမဲ့ အားလပ်ရက်အတွက် စိတ်မအားသူတွေလဲ မနည်းလှပါ။ စိတ်ဓါတ်ကျသူတွေနဲ့ စိတ်ဖိအားများသူတွေအတွက် ကျန်းမာရေးဘက်ကနေ အကြုံပါရစေ။

• Acknowledge your feelings ဖြစ်ပေါ်လာတဲ့စိတ်လှုပ်ရှားမှုတွေကို မသိကျိုးကြွံမပြုပါနဲ့။ ဝမ်းနည်းစရာအတွက် ငိုချင်ရင် ငိုလိုက်ပါ။ ဝမ်းနည်းကြေကွဲမှုဆိုတာ လူတိုင်းမှာကြုံကြရတာမျိုးဖြစ်လို့ ကြုံလာရင် လက်ခံရင်ဆိုင်ပါ။ အမျိုးတယောက် ဆုံးပါးနေချိန်မျိုးမှာ ပျော်စရာရအောင်ရှာမယ် စိတ်မကူးပါနဲ့။
• Reach out ထည်းထည်းမနေပါနဲ့။ မိသားစုဝင်တွေ၊ အပေါင်းအသင်းတွေနဲ့ရောထွေးပါ။ လူမှုရေး၊ သာရေးနာရေး တွေကို သွားလာဘို့ မပျက်ကွက်စေပါနဲ့။ စိတ်ပါတဲ့စေတနာ့ဝန်ထမ်းအလုပ်ထဲမှာ ဝင်လုပ်လိုက်ပါ။
• Be realistic လက်တွေ့ဆန်ပါ။ ဘယ်နေ့အားရက်မဆို ရာနှုန်းပြည့်ပျော်စရာတွေချည်းရှိမယ်လို့ ထင်မထားပါနဲ့။ မိသားစုတွေဆိုတာ ပြောင်းနေတတ်တယ်။ အပေါင်းအသင်းတွေက ပိုအပြောင်းအလဲများမယ်။ နေထိုင်ရာ ပတ်ဝန်းကျင်ဆိုတာလဲ တသမတ်ထဲမဟုတ်ပါ။ ဖြစ်လာတဲ့အခြေအနေ အနေအထားမှာ သင့်တော်ရာကိုရွေးပြီး ကျေနပ်တတ်ပါစေ။ ဆန်းသစ်မှုလိုရင် ဆန်းသစ်တာရှာပါ။
• Set aside differences မတူညီတာတွေကိုဘေးဖယ်ထားပါ။ ကိုယ်မျှာ်လင့်ထားသလို မဟုတ်ရင် နေပါစေ။ သူ့သဘောနဲ့သူသာ စခန်းသွားစေလို့ သဘောပိုက်ပါ။
• Stick to a budget ကိုယ်နိုင်တဲ့ကုန်ကျမှုကို တိုင်းထွာပါ။ ဝချင်တာ၊ သုံးချင်တာ၊ ဖြုန်းချင်တာတွေတိုင်းဟာ ကိုယ့်ဘတ်ဂျက် အကန့်သတ်နဲ့သာလုပ်ဆောင်ပါ။ လက်ဆောင်တွေရတာ၊ ပေးနိုင်တာနဲ့ အကြွေးထူတာမလဲပါနဲ့။
• Plan ahead ကြိုတင်စီစဉ်ပါ။ ကိုယ်သွားချင်လာချင်တာ၊ ဝယ်ချင်တာ၊ ပေးချင်တာတွေကို တင်ကြိုပြီး စီစဉ်ထားပါ။
• Learn to say no ငြင်းဆိုဘို့ဝန်မလေးပါနဲ့။ ကိုယ်မကြိုက်တာ၊ ကိုယ်မလိုက်နိုင်တာ၊ ကိုယ်မတတ်နိုင်တာမှန်သမျှ နိုးပြောဘို့ ဝန်မလေးပါနဲ့။
• Don't abandon healthy habits ကိုယ့်ကျန်းမာရေးနဲ့ညီညွတ်တာကိုသာလုပ်ပါလေ။ ပါတီတွေ၊ ဧည့်ခံပွဲတွေမှာ ကိုယ်နဲ့ မသင့်မဲ့ အစားအသောက်တွေတွေ့ပါမယ်။ ရှောင်ဘို့ဆုံးဖြတ်ထားပါ။ သွားလေရာမှာ သင့်တာ မရနိုင်လောက်ရင် ကိုယ်နဲ့ သင့်မြတ်တာကို ယူဆောင်သွားပါ။
• Get plenty of sleep အိပ်ရေးပျက်မခံပါနဲ့။
• Take a breather လူအများကြားထဲမှာ အချိန်အကြာကြီးနေရတဲ့ကာလအတွင်းမှာ ခဏတဖြုတ်ဖြစ်စေ  အသက်ရှူချောင်ရာကို ထွက်လိုက်ပါ။
• Seek professional help if you need it လိုအပ်မယ်ထင်ရင် စိတ်အထူးကုဆရာဝန်နဲ့တိုင်ပင်ပါ။ အကူအညီရယူပါ။

1. Depression (1) စိတ်ကျရောဂါ http://doctortintswe.blogspot.com/2014/11/depression-1.html
2. Depression (2) ပုထုဇ္ဇနော http://doctortintswe.blogspot.com/2014/11/depression-2.html
3. Depression (3) စိတ်ကျခြင်း http://doctortintswe.blogspot.com/2014/11/depression-3.html
4. Depression (4) စိတ်ကျရောဂါ ကမ္ဘာမှာ http://doctortintswe.blogspot.com/2014/11/depression-4.html
5. Anxiety Disorders စိုးရိမ်စိတ်ကဲလွန်ခြင်း http://doctortintswe.blogspot.com/2014/11/anxiety-disorders.html

ဒေါက်တာတင့်ဆွေ
၁၄-၁၂-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး