Colors of the Rivers မြစ်တို့၏အရောင်များ

• မနေ့ကစပြီး (ဖေ့စ်ဘွတ်) မှာ (ပရိုဖိုင်း) ကို အနက်ရောင်ပြောင်းပေးကြတာတွေတွေ့တယ်။ တချို့ကလဲ “ဘာကြီးလဲဟ” လို့ မေးနေကြသေးတယ်။
• ကျွန်တော်ကတော့ မြန်မာလို မဖတ်တတ်သူတွေပါ သိအောင် Black listed by the people. လို့ (ကွန်မင့်) မှာ ရသလောက်ရေးပါတယ်။
• ၂ဝဝ၃ မေလ (၃ဝ) ရက်ကို Black Friday လို့ ကမ္ပည်းထိုးခဲ့ကြသေးတယ်။ ကျွန်တော်တို့နာမည်တွေကို Black list အမည်း (အမည်နက်) စားရင်း သွင်းထားပြီးမှ ဒီပဲယင်းမှာ ဖြစ်ခဲ့တာပါ။
• ဒီပဲယင်း၊ လက်ပံတောင်းတို့ဟာ ချင်းတွင်းမြစ်အနားကပါ။ ဧရာဝတီမြစ်ဆုံနောက်မှာ ချင်းတွင်းဆုံချက်လို့ ဖြစ်လာနေတယ်။
• သံလွင်၊ သောင်ရင်း ဗဟိုချက်ကနေတော့ ၁၉၉၅ မှာ ဆုတ်ခွါခဲ့ကြရပါတယ်။
• Volga (ဗော်လဂါ) မြစ်ကို ကွန်မြူနစ်စာပေတွေထဲမှာ “ဗော်လဂါမြစ်ရေ နီတွေတွေ” လို့ တင်စားခဲ့ကြဘူးတယ်။ ခေတ်ပြိုင် တရုပ်ကွန်မြူနစ်ကို အားကျထောက်ခံသူတွေက Yanzi River ယန်စီမြစ်နဲ့ Yellow Sea ပင်လယ်ဝါကို တမ်းတကြတာ ဖတ်ရဘူးတယ်။ အားလုံးက အရောင်တွေနဲ့ ဖော်ကျူးကြတာပါ။
• ကနေ့ မြန်မာပြည်ကမြစ်ကြီးတွေ နက်မည်းနေပြီလား။ သွေးနီစွန်းနေပြီလား။ ကြေးဝါရောင်ဖြစ်သွားပြီလား။
• မြစ်တွေကို အဲလိုအရောင်တွေဖြစ်စေတာဟာ Unnaturally Dyed Polluted Rivers သဘာဝမဟုတ် လူတွေကလူတွေကဆိုးပေးကြတဲ့ အရောင်လို့ ခေါ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၁၂-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး