30 Years ရွေးကောက်ပွဲ အီဗော်လူးရှင်း

၁၉၉၀ မှာ ၂၃၅ ပါတီရှိတာထဲက ၇၃ ပါတီက ဝင်ပြိုင်တော့ NLD က ဗိုလ်စွဲတယ်လို့ ကျေညာတာခံရ။ နောက်ဆုံးကြ ပြိုင်တဲ့ပါတီအားလုံးရှုံး၊ မပြိုင်သူက အနိုင်ယူတဲ့ ရွေးကားရွေး၏မရတဲ့ ရွေးကောက်ပွဲ။

၂၀၁၀ မှာ နိုင်လောက်မဲ့ပါတီတွေကို ပြိုင်ခွင့်မပေး၊ ကိုယ်တိုင်ကျင်းပ၊ ကိုယ်တိုင်အနိုင်ယူခဲ့တဲ့ ရွေးကောက်ပွဲ။

၂၀၁၂ မှာ ဒီလောက်လေးတော့ ယူပါစေ၊ ဒါမှ ဒို့လုပ်နေတာတွေကို သူများတွေက ယုံကြမှာမို့ လွှတ်သာပေးလိုက်လို့ဆိုတဲ့ ပေးကားပေး၏မဝတဲ့ ကြားဖြတ်ရွေးကောက်ပွဲ။

၂၀၁၅ မှာ ပါတီတွေအားလုံးပါလာပြီဆိုတော့ သိပ်မချောင်။ လွှတ်တော်ထဲမှာ ဝင်လာမှာကို တားမရရင် သမတတော့ လုပ်ခွင့်မပေးဆိုတဲ့ ရွေးချင်လဲရွေး ဒါတော့မပေးဆိုတဲ့ ရွေးကောက်ပွဲ။

၂၀၂၀ မှာ ၂၀၁၀ အနိုင်ယူပါတီကြီးနဲ့ အသစ်တွေကပါ ၂၀၁၅ ပါတီကြီးကို ဖြိုချင်ကြတဲ့ ရွေးကောက်ပွဲ။

ဒေါက်တာတင့်ဆွေ
၁၈-၁-၂၀၂၀

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး