အဆင့် ၁၉၀ က တက်နိုင်အောင်

ဆရာရှင် သမီးက Nurse Aid ပါ တရုပ်အထည်ချုပ်စက်ရုံမှာ First Aid ကျန်းမာရေးတာဝန်ယူထားရပါတယ် ဝန်ထမ်းပေါင်း ၅၀၀ကျော်ရှိပါတယ် Fever လူနာတွေလည်းရှိပေမဲ့ သူတို့ Leader တွေကအိမ်ပြန်မလွှတ်ပါဘူးရှင် ရင်နာစရာပါရှင် ပိုဆိုးတာက မနေ့ညက ရောဂါဖြစ်တဲ့နိုင်ငံက တရုပ်လူမျိုးထပ်ရောက်လာပါတယ်ရှင် ဝန်ထမ်းများအားလုံးအတွက် စိတ်ပူမိပါတယ်ရှင် ဘယ်လမ်းကြောင်းကဝင်လာလည်းမသိပါ အထည်ချုပ်အလုပ်သမားခကလေးတွေဘဝက မတရားခိုင်းစေခံရပြီး ကျန်းမာရေးစောင့်ရှောက်မှုကျတော့ အရမ်းအားနည်းကျပါတယ် ဆေးဝါးဆို အိမ်သုံးဆေးဝါးတောင်မဝယ်ပေးပါဘူးရှင် Solutions3 မျိုးနဲ့ Bandage/ORS/Glucose ကလွဲဘာမှမရှိပါဘူး BP တိုင်းဖို့စက်တောင်ဝယ်မပေးပါဘူး သမီးအိမ်ကနေ မကြည့်ရက်လို့ ရှိတာတွေသယ်နေရပါတယ်ရှင် ဒီ virus ပိုးကြောင့် အထည်ချုပ်ကလေးတွေအတွက် စိတ်ပူမိပါတယ်ရှင် စစ်ဆေးရေးဝင်လာရင်လည်း တခါမှဆေးခန်းကို ဝင်မစစ်ဆေးပါဘူးရှင်

ဆောရီး။ တကယ့်အခြေအနေကို ရိုးရိုးသာတင်ပြချက်ဖြစ်တယ်။

စာပို့သူလိုပဲ မဆလ ခေတ်က တောမှာတာဝန်ကျတဲ့ဆရာဝန်တွေ အဲလိုပဲ ကိုယ့်ဖါသာရှာကြ ကြံကြရတယ်။ အနှစ် ၄၀-၅၀ ကျော်ပြီ။ မထူးသေးပါ။

ကျွန်တော်တို့ ကျန်းမာရေးစနစ် အဆင့် ၁၉၀ က တက်နိုင်အောင် အတော်ကို ကြိုးစားကြရမယ်။

ပင်လယ်ကြမ်းပြင်မှာ ငါးမန်းနဲ့တွေ့နေရချိန်။ ရေအောက်ဆွဲချထားသူတွေက အာဏာပြန်လိုချင်နေချိန်။

ဒေါက်တာတင့်ဆွေ
၃၁-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး