၂၀ ရာစုအစ၌ ပြောင်းလဲမှုများ

လောကဓာတ်ပညာ တိုးပွားခြင်း
၁၉ ရာစုမှာ ၂၀ ရာစုသို့ တရွေ့ရွေ့ ပြောင်းလချိန်တွင်းဝယ် လောကဓာတ်ပညာလည်း တစထက်တစ ပို၍ပို၍ ထွန်းကားလာလေသည်။ အထူးသဖြင့် သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်၍ များစွာ ပြောင်းလဲတိုးတက်ခဲ့၏။

မီးရထား
အင်္ဂလန်ပြည်တွင် စတီဗင်ဆင်က ရော့ကက် ခေါ် မီးရထားခေါင်းတွဲကို တီထွင်ရာတွင် တနာရီ မိုင် ၄၀၊ ၅၀ ခန့် မောင်းနှင်နိုင်ခဲ့သည်။ အင်္ဂလန်ပြည်ကပင် ၁၈၂၅ ခုနှစ်တွင် ပထမမီးရထားလမ်းကို စတောက်တန် နှင့် ဒါလင်တန် မြို့နှစ်မြို့ အကြား၍ ဖောက်လုပ် ဆက်သွယ်ခဲ့လေသည်။

၁၉ ရာစုကုန်ခါနီးတွင်မူကား ဥရောပတတိုက်လုံး၌ မီးရထားလမ်းများသည် ကွန်ချာရက်သကဲ့သို့ သွယ်တန်းပြီး ဖြစ်လေသည်။

ကမ္ဘာ့သမိုင်း၏ မှတ်တိုင်များ တတိယတွဲစာအုပ်ကို ၁၉၆၆ ခု ဖေဖော်ဝါရီလမှာ ထုတ်တယ်။

၁၉၈၀ နောက်ပိုင်းကစပြီး သတ်ပုံတွေ လွဲအောင်ပြင်ရေးနေကြတယ်။ တရွေ့ရွေ့ မှာ စသတ်တယ်။ တစထက်တစမှာ စသတ်တယ်။ တနာရီမှာ စသတ်တယ်။ တတိုက်လုံးမှာ စသတ်တယ်။

၂၁ ရာစု မြန်မာနိုင်ငံမှာ သတ်ပုံလွဲလမ်းမကြီးငယ်တွေ နေပြည်တော်ဘူတာကြီးကနေ တပြည်လုံးအနှံ့ ကွန်ချာရက်သလို သွယ်တန်းပြီး ဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၁၉-၁-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး