Email and Comment အီးမေးလ် ရေးနည်း

(ကန်တော့)

မင်္ဂလာပါ ဆရာခင်ဗျာ ကျနော်မေးတဲ့ မေးခွန်းကတော့ အိမ်ထောင်ရေးရှု့ထောင်ကနေမေးချင်တာပါဗျ ကျနော်မေးတဲ့ မေးခွန်း Post က ရိုင်းသွားရင် ခွင့်လွှတ်ပေးပါဗျ ကျွန်တော်က အသက် ၂၇ ပြည့်ပြီးပါပြီ ၂ လပိုင်းထဲ အိမ်ထောင်ပြုမှာပါ အိမ်ထောင်ပြုပြီး ၆ လလောက်မှ ကလေးယူမယ်လို့ဇနီးလောင်းနဲ့တိုင်ပင်ထားပါတယ်ဗျ ဆရာဝန်နဲ့ဆွေးနွေးကြည့်တော့ ကိုယ်ဝန်တာ�

မေးခွန်း အဆုံးထိမပါ။ အီးမေးလ်ကနေ စာရေးတယ်ဆိုတာ အောက်က စာကိုယ်နေရာမှာသာ ရေးရ။ အပေါ်က အကြောင်းအရာလိုနေရာမှာ တိုတိုလေး ခေါင်းစဉ်သဘောသာ ရေးရ။

အီးမေးလ်ရသူကနေ စာပြန်လိုက်လည်း စာပြန်ပြီးကြောင်း မပေါ်။ အဲလိုဟာတွေ ခဏခဏ။ အတော် ဂွကျတယ်။

ဖေ့စ်ဘွတ်မှာလည်း ကွန်မင့်ရဲ့သဘောကို မသိကြသူတွေက နေ့တိုင်းနေ့တိုင်း။ မက်စင်ဂျာကို မသိကြ။ အတော် ဂွကျတယ်။

ကိုယ်စီးတဲ့မြင်း အထီး အမ သိသင့်ကြတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး