China coronavirus outbreak means the world is once again gripped by the six-year pandemic panic syndrome

တရုပ် ကိုရိုနာဗိုင်းရပ် သို့မဟုတ် ခြောက်နှစ်တခါဖြစ်တဲ့ ကပ်ရောဂါ ဆင်ဒရုမ်း

ဆင်ဒရုမ်းဆိုတာ ရောဂါလက္ခဏာအစုအဝေးကို ခေါ်တယ်။

၂၀၁၅ ခုနှစ်က အရှေ့အလယ်ပိုင်းမှာဖြစ်ခဲ့တဲ့ Respiratory Syndrome (Mers) ကို သတိရသင့်တယ်။ အဲတာအရင် ၆ နှစ်က H1N1 ခေါ် Avian flu အေဗီယန်တုပ်ကွေး။ ၂၀၀၃ တုန်းက တုပ်ကွေးကြောင့် Tamiflu pills ဆေးတွေကို အထိတ်တလန့် ဝယ်ခဲ့ကြတယ်။ အဲတော့ ခြောက်နှစ်တခါဖြစ်တဲ့ ကပ်ရောဂါ။

ဒီဆောင်းပါးရေးသူ ဟောင်ကောင်က ပညာရှင် David Dodwell ဒေးဗစ် ဒေါ့ဝဲလ်က Wuhan Wild Animal Market Syndrome (WWAMS) လိုအမည်သစ်ပေးလိုက်တယ်။

ဝူဟန်ကလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ အစက လူ-လူခြင်း မကူး။ နောက်ကူးလာတယ်။ နောက်တခြားနေရာတွေထိ ရောက်တယ်။
တရုပ်ပြည်မ ၂၄၅၄ - ၈၀
ဟောင်ကောင် ၈ - ဝ
မကာအို ၅ - ဝ
တိုင်ဝမ် ၄ - ဝ
တခြားအာရှနိုင်ငံများ ၂၆ - ဝ
ဥရောပ ၃ - ဝ
မြောက်အမေရိက ၆ - ဝ
ၾသစေတးလ် ၄ - ၀
ရှေ့ဂဏန်းက လူနာ၊ နောက်ဂဏန်းက သေဆုံးသူ။

Mers နဲ့ Sars တို့ကလည်း Coronavirus ကိုရိုနာဗိုင်းရပ်စ်ကနေဖြစ်တယ်။ အဲဒီ ၂၀၁၂ တုန်းက လူပေါင်း ၁၂၀၀ ဖြစ်ပြီး ၄၄၄ ယောက်သေဆုံးခဲ့တယ်။

၂၀၀၉ တုန်းက H1N1 swine flu ရောဂါ လူပေါင်း ၃ သောင်း လောက်ဖြစ်ခဲ့တယ်။ ၁၂၂၀၀ ယောက်သေဆုံးတယ်။ Sars ရောဂါ လူပေါင်း ၈ ထောင်ဖြစ်ပြီး ၇၇၄ သေဆုံးခဲ့တယ်။

အနောက်အာဖရိကမှာ Ebola အီဗိုလာကပ်ရောဂါ ၂၇၀၀၀ ယောက်ဖြစ်တယ်။ ၁၁၀၀၀ ယောက်သေတယ်။

နှစ်စဉ် ရာသီတုပ်ကွေးဆိုးဆိုးဝါးဝါးဖြစ်သူပေါင်း ၃ သန်းကနေ ၅ သန်းအထိရှိတယ်။ ၂ သိန်း ၉ သောင်းကနေ ၆ သိန်း ၅ သောင်း သေဆုံးတယ်။

၂၀၁၇ ခုနှစ်မှာ ငှက်ဖျားရောဂါကြောင့် ၄၃၅၀၀၀ ယောက်သေဆုံးခဲ့တယ်။ ဝမ်းပျက်လို့ သေရသူပေါင်း ၁့၆ သန်း။

ယာဉ်မတော်တဆမှုတွေကြောင့် နှစ်စဉ် လူပေါင်း ၃၅ သန်းသေဆုံးနေရတယ်။ လူသတ်မှုပေါင်း ၅ သိန်းရှိတယ်။

၁၃၄၆ နဲ့ ၁၃၅၃ ခုနှစ်အတွင်း ဥရောပမှာ လူပေါင်း ၇၅ သန်းကနေ သန်း ၂၀၀ အထိသေစေခဲ့တဲ့ ကပ်ရောဂါကို Black Death လို့သမိုင်းတွင်ခဲ့တယ်။ အခုဟာ အဲလိုမဟုတ်နိုင်ပါ။

အရေးထဲ အဲဒီဗိုင်းရပ်စ်ဟာ တရုပ်ဇီဝလက်နက်စမ်းသပ်မှုကနေ မတော်တဆဖြစ်တာလို့ ရေးတဲ့သူက ရေးတယ်။ ဘာသာပြန်တင်ထားကြတယ်။ အကျိုးမရှိပါ။

လူတွေနေထိုင်တဲ့ ကျွန်တော်တို့ ကမ္ဘာဂြိုဟ်ကြီးဟာ ကပ်ရောဂါမျိုးစုံ၊ လူမျိုးစုံနဲ့ ပြည့်နေပါတော့တယ်။

ဒေါက်တာတင့်ဆွေ
၂၆-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး