Quarantine တရုပ်အမျိုးသမီးဘောလုံးသင်း သီးခြားထားမည်

သြစတေးလျမှာ တရုပ်ကလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူတယောက် ပဌမဆုံးတွေ့တယ်။ အခုသြစတေးလျမှာ ကစားကြမဲ့ တရုပ်ဘောလုံးသင်းကို သီးခြားနေရာမှာ ပြင်ပနဲ့ ကူးလူးသွားလာမှု ကန့်သတ်ထားတယ်လို့ ကွင်းစလန်း ကျန်းမာရေး တာဝန်ခံက ပြောလိုက်ပါတယ်။

တရုပ်အမျိုးသမီးဘောလုံးသင်းဟာ ဘရစ်ဘိန်းမှာရောက်လာပြီ။ ၂၀၂၀ အိုလန်ပစ်ခြေစစ်ပွဲကစားကြမယ်။ တရုပ်သင်းဟာ ထိုင်း၊ တရုပ်တိုင်ပေ၊ သြစတေးလျသင်းတွေနဲ့ ကစားရမယ်။

ဘောလုံးကစားသမားတွေ ကျန်းမာတာမှန်ပေမဲ့ သူတို့တည်းခိုရာ ဟော်တယ်မှာပဲ ၅-၂-၂၀၂၀ အထိနေထိုင်ကြရမယ်။ အပြင်ထွက်ခွင့်မရှိ။

မြန်မာပြည်ကို တရုပ်ကနေပြန်လာသူမှန်သမျှ ဘယ်သူ့ကိုမဆို သီးခြား ၂ ပတ်ထားပြီး စစ်ဆေးစောင့်ကြည့်သင့်တယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး