MDR TB Q and A ဆေးယဉ်တဲ့တီဘီ အမေး-အဖြေ

၁။ ဆရာ ကျွန်မတို့ အိမ်မှာ မောင်လေးက ဆေးယဉ်ပါးတီဘီဖြစ်နေပါတယ်။ အဲဒါ ကျွန်မသမီးလေးမှာ တီဘီပိုး ရှိ မရှိဘယ်လို စစ်ရမှာပါသလဲဆရာ။ ကျွန်မစိုးရိမ်လို့ပါ။ သမီးလေးက တစ်နှစ်ပါဆရာ။

ကလေးကို မွေးစမှာ ဘီစီဂျီ ခေါ် တီဘီကာကွယဆေးထိုးထားပါသလား။

၂။ မင်္ဂလာပါဆရာ အရင်ကလလည်း မေးခွန်းတွေမေးဖူးပါတယ်။ ကျွန်မအသက် ၂၀ပါ။ ဆေးယဉ်ပါးတီဘီရောဂါသည် တဦးပါ။ ဆေးကုနေတာတော့ ၁၅လတိတိရှိပါပြီ။ နေ့စဉ်အချိန်မှန် ဆေးလုံးအရေအတွက်မှန်သောက်ပါတယ်။ အောင်ဆန်း တီဘီရောဂါကုဆေးရုံက ဆရာဆရာမများရဲ့လမ်းညွှန်မှုအောက်မှာ သေချာစွာကုသနေပါတယ်။ ဆေးယဉ်တီဘီနောက်မှာ ပိုပြီးပြင်းထန်တဲ့ တီဘီအမျိုးအစားရှိတယ်လို့ ကြားသိရပါတယ်။ နဂိုအခံရှိသူတွေအနေနဲ့ ဘယ်လိုပြုမူနေထိုင်ရမလဲ။ စားသောက်ရမလဲ။ ဆရာ့အနေနဲ့ အကြံဉာဏ်ပေးစေလိုပါတယ်။ လေးစားစွာဖြင့်

တီဘီလိုအသက်ရှူလမ်းမှာဖြစ်တာ အစားအသောက်နဲ့မဆိုင်ပါ။ ရောဂါတခုခုဖြစ်ရင် အာဟာရပြည့်ဝ မျှတအောင်စားရမယ်။

၃။ ဆရာခင်ဗျာ TB ရောဂါအမြစ်ပြတ်စေသော အသီးအရွက်တိုင်းရင်းဆေးနည်းလေးများရှိရင် လမ်းညွန်ပေးပါလို့ မေတ္တာရပ်ခံအပ်ပါသည်။ ဆရာကျန်းမာပါစေ။

ဆရာဝန်တွေကို တိုင်းရင်းဆေးနည်း၊ အရပ်နည်းတွေ မမေးသင့်ပါ။ နေ့တိုင်းလိုလိုဖြေရတယ်။ တီဘီကို အဲလိုနည်းတွေနဲ့ လုံးဝမသင့်ပါ။ တီဘီကိုစားဆေး ၆ လ ဆိုရင်ပျောက်တယ်။ အဲလိုမဟုတ်ရင် နောင်မှာ ဆေးယဉ်တီဘီဖြစ်ရင် ဆေးတွေ အများကြီးသောက်ရမယ်။ ဆေးဈေးကြီးတယ်။ ပဌမတန်းစားဆေးတွေလောက်လည်း မထိရောက်ပါ။

၎။ ညီမလေးက တီဘီ ကုသဆေးရုံမှာတတ်ပြီး ဆေးကုသ မှုခံယူနေပါတယ် မျက်လုံးဝါနေတာကြောင့် အသည်းကိုလည်း အရင် ကုရမယ်ပြောပါတယ် အဲဒါတွေ ဘာတွေဖြစ်လာဦးမှာလဲဆရာ တီဘီဆေး၊ အသည်းဆေးအပြင် အားဆေး အနေနှင့် ဘာတွေ ဝယ်တိုက်သင့်ပါလဲဆရာ။ ပြီးတော့ လူနာက ကြက်ပေါင်းရည်သောက်ရင် အားရှိလာမယ်လို့လည်း ခံယူထားပါတယ်။ တိုက်လို့ရပါလားဆရာ။ Centrum အားဆေးကောတိုက်လို့ရပါလား လူနာက အရင်က သောက်ဖူးပါတယ်ဆရာ။ နောက်ထပ် ဘာစားစရာတွေက အကောင်းဆုံးဖြစ်နိုင်လည်းဆရာ။ ဆေးရုံမှာလည်း ခန့်မှန်း ၁ လလောက်ကြာမယ်ပြောပါတယ်။ တကယ်လို့ တခြားဘယ်လိုကုသရင်ရမလဲဆိုတာလည်း ဖြေကြားပေးစေလိုပါတယ်။ ဆေးရုံက သောက်ခိုင်းတဲ့ဆေးတွေကိုလည်း ဆရာ့ဆီပို့ပေးပါ့မယ်ဆရာ။ တီဘီနဲ့ အသည်းကကော ဆက်စပ်ပြီး ဖြစ်တတ်ပါလားဆရာ။ လူနာကတော့ ငယ်ငယ်ကလေးထဲက ရင်ကြပ်တာတော့ရှိတယ်ဆရာ။

၅။ ဆရာမင်္ဂလာပါ။ ဆေးယဉ်းပါး TB ပိုးရှိတဲ့သူကနေ တိုက်ရိုက်ကူးရင် ဆေးယဉ်ပါး TB ရောဂါချက်ချင်းဖြစ်နိုင်ပါသလား။
ဆေးယဉ်ပါး TB ကို လ ၂၀ လောက်ကုရတယ်ပြောပါတယ်။ ဘယ်လိုကုတာပါလဲ။ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေနဲ့
အဲဒီရောဂါသည်တွေရဲ့ ဘယ်လိုနေထိုင်ပြုမူရမလဲဆိုတာကို ကျေးဇူးပြု၍ရှင်းပြပေးပါခင်ဗျား။ အရမ်းအရေးကြီးလို့ပါခင်ဗျာ။

၆။ ဆရာ MDR က သလိပ်တခုထဲစစ်ရင် သိနိုင်ပါသလားဆရာ။

MDR-TB and XDR-TB ဆေးယဉ်တီဘီကို ပိုးမွေးယူနည်းနဲ့သာသိမယ်။ Culture and drug susceptibility testing ပိုးသာမက ဘယ်ဆေးနဲ့ရနိုင်သမလည်းကိုပါ တခါတည်းစစ်ရတယ်။ တတ်နိုင်တဲ့တိုင်းပြည်တွေမှာတော့ Molecular diagnostics မော်လီကူလာနည်းပညာနဲ့စမ်းတယ်။ ရိုးရိုးစမ်းနည်းက အဖြေရဘို့ ၂ လလောက် ကြာတယ်။ နည်းသစ်က ၂ နာရီသာကြာမယ်။ တချို့တိုင်းပြည်တွေမှာ ဓါတ်ခွဲခန်းအဆင့်နိမ့်လို့ သူများဆီပို့စမ်းရတယ်။

၇။ ဆရာရှင့် ကျွန်မသားကြီး အသက် ၃ နှစ် ၃ လ၊ ပေါင်ချိန် ၂၉ပေါင်။ အသက် ၁ နှစ်မှာ TB စဖြစ်လို့ ဆေး ၆ လ သောက်ခဲ့ပါတယ်။ နေ့စဉ်တော့ တိုက်ဖြစ်ပြီး အချိန်မမှန်ခဲ့သဖြင့် ဆရာရဲ့ ဆေးယဉ် TB အကြောင်း ဖတ်မိပြီး မေးခွန်းလေးမေးချင်လို့ပါဆရာ။ မူကြိုစပို့တဲ့အချိန်ကတည်းက တလကိုနှစ်ခါလောက်ဖျားပါတယ်။ အထူးကုဆီ ပြန်ပြတော့လည်း TB ပြန်မဟုတ်ဘူးတဲ့။ အခုထိလည်း ဒီအတိုင်းပဲဖြစ်နေတော့စိုးရိမ်မိတယ် ညွှန်ကြားပေးပါဆရာ။

MDR TB ဆေးတိုက်နေပါသလား။ သိပ်မစိုးရိမ်ပါနဲ့။ တခြားကလေးတွေလည်း ဖျားကြနာကြတာပါပဲ။ ဆေးမှန်မှန်တိုက်၊ အစားအစာမျှတလုံလောက်ရင် ကောင်းပါတယ်။ ထပ်ဖြစ်လာနိုင်တဲ့ရောဂါကဆေးလိုရင် ဆေးပေးပါမယ်။ ခုခံအား ပိုကောင်းလာရင် အဲလိုမဖြစ်တော့ပါ။

၈။ ဆရာ ကျေးဇူးတင်ပါတယ်။ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ဖြေကြားပေးနေတဲ့အတွက်။ တခုလောက်သိပါရစေ MDR -TB ရှိသူနဲ့ စကားပြောရင်၊ အတူနေရင်ကူးနိုင်ပါလားဆရာ။ အခုညီမလေးကို အမေက စောင့်ရှောက်နေရမှာဆိုတော့ စိတ်ပူလို့ပါ။ ပြီးတော့ သူနဲ့အတူရှိနေတာဘဲဖြစ်ဖြစ်၊ စကားပြောနေတာဘဲဖြစ်ဖြစ်၊ နှစ်ယောက်သလုံး Mask တပ်ထားရင်လည်း ကူးနိုင်ပါလား။ အဲဒီလိုမဖြစ်အောင် စောင့်ရှောက်သူက ဘာတွေ ကြိုတင်ကာကွယ်ထားဖို့ လိုအပ်ပါသလဲ။ ဒီလို ရောဂါမျိုးကကော ဆေးရုံမှာပဲကုသရတာမျိုးပါလား။ တခြားဘယ်လို နေရာတွေမှာ ကုလို့ရပါလဲ။ အခုဆရာဝန်များပြောကြားချက်အရ ညီမလေးက မျက်လုံးကလည်းဝါတာကြောင့် အသည်းကိုထိနိုင်တယ်လို့ ပြောပါတယ် ဘာတွေထပ်ဖြစ်နိုင်သေးလဲဆရာ။ ကုသရင်ကော ဘယ်လောက်ထိကြာနိုင်ပါလဲ။ ကုနေတဲ့အချိန်မှာကော လူနာတယောက်လို ခံစားနေရမှာပါလားဆရာ။ မိသားစုနဲ့ကော အတူနေလို့ရပါလားဆရာ။

TB ဆိုတာ ၂ မျိုးရှိတယ်။ သလိပ်ထဲပိုးပါနေသူကနေသာ သူများကိုကူးစက်တယ်။ ကျန်တာက မကူးစေပါ။ ၂ မျိုးလုံးမှာ ဆေးယဉ်တာနဲ့ ဆေးမယဉ်တာရှိတယ်။ ဆေးကုနေချိန်မှာ သလိပ်ထဲမှာပိုးပါတဲ့လူနာမဟုတ်ရင် အတူနေသူတွေက ဘာမှ ထူးရှောင်စရမလိုပါ။ သလိပ်ထဲပိုးပါနေသူရဲ့ ၆ ပေပတ်လည်ကလူတွေကိုကူးစက်နိုင်တယ်။ ဒါပေမယ့် အတော်များများက တီဘီကိုခံနိုင်ရည်ရှိနေကြတယ်။ အားနည်းနေသူ၊ ရောဂါမပြီးသူ၊ BCG ကာကွယ်ဆေး မထိုးရသေးတဲ့ကလေး၊ HIV ရှိသူတွေကိုသာ ကူးစက်မယ်။ MDR-TB and XDR-TB ဆေးယဉ်တီဘီကို ပိုးမွေးယူနည်းနဲ့သာသိမယ်။ Culture and drug susceptibility testing ပိုးသာမက ဘယ်ဆေးနဲ့ရနိုင်သမလည်းကိုပါ တခါတည်းစစ်ရတယ်။ တတ်နိုင်တဲ့ တိုင်းပြည်တွေမှာတော့ Molecular diagnostics မော်လီကူလာနည်းပညာနဲ့စမ်းတယ်။ ရိုးရိုးစမ်းနည်းက အဖြေရဘို့ ၂ လလောက် ကြာတယ်။ နည်းသစ်က ၂ နာရီသာကြာမယ်။ တချို့တိုင်းပြည်တွေမှာ ဓါတ်ခွဲခန်းအဆင့်နိမ့်လို့ သူများဆီပို့ စမ်းရတယ်။

ကုသတာမှာ လူနာတယောက်ချင်းလည်းကြည့်တယ်။ ကုသပေးတဲ့ဌာနရဲ့စည်းစနစ်လည်းမတူတာရှိတယ်။ လူနာကို နားပါစေ။ ဆေးမှန်မှန်ကုသမှုခံ့ါ။ လေကောင်းလေသန့်ရပါစေ။ စိတ်ဓါတ်အားခိုင်မာပါစေ။ ပြုစုသူတွေကလည်း ရောဂါအကြောင်းသိထားပါ။ စိတ်တည်ငြိမ်ပါ။

တီဘီအတွက်တော့ အစာရှောင်စရာမလိုပါ။ တမယ်တည်းကကောင်းတယ်ဆိုတာ မဟုတ်ပါ။ တခြားပူးတွဲရောဂါအတွက် ရှောင်စရာရှိချင်ရှိနိုင်တယ်။ အသားဝါတာက အသည်းရောင် (အေ) ကြောင့်လား၊ ဆေးဘေးထွက်ဆိုးကျိုးလား မပြောနိုင်ပါ။ ဆေးယဉ်တီဘီကို လုံးဝပျောက်မယ်အထိတော့ အာမမခံနိုင်သေးပါ။ ဆေးသုတေသနတွေ ဆက်တိုက်လုပ်နေတယ်။

၂ဝ၁၂ တုံးကစာရင်းအရ လူပေါင်း သန်းတဝက်မှာ ဆေးယဉ်တီဘီရောဂါကိုခံစားနေကြရတယ်။ ဒါပေမယ့် သူတို့ထဲက လေးပုံတပုံကသာ ဆေးရုံ-ဆေးခန်းကိုလာရမှန်းသိကြတယ်။ ၂၇ နိုင်ငံမှာ WHO အစီအစဉ်နဲ့ ကိုင်တွယ်နေတယ်။ EXPAND-TB (Expanding Access to New Diagnostics for TB) အစီအစဉ်လို့ခေါ်တယ်။ မတ်လ ၂၄ ရက်နေ့ဟာ ကမ္ဘာ့တီဘီနေ့ဖြစ်တယ်။ တနှစ်မှာ လူပေါင်း ၉ သန်းတီဘီကူးစက်ခံနေရတယ်။ ဆောရီး။

Ohnmar Myint ဆေးယဉ်ပါးတီဘီရောဂါကို မြန်မာပြည်မှာလည်း ပိုးမွေးတဲ့နည်းအပြင် Rapid molecular test တခုဖြစ်တဲ့ MTB Rif test ကို ခရိုင်မြို့ကြီးတွေမှာစစ်ပေးနေပါပြီ။ ပိုးမွေးသလိုမကြာတော့ပါ။

TB writing links တီဘီရောဂါစာများ
Infertility and TB (1) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၁) http://doctortintswe.blogspot.com/2014/11/infertility-and-tb-1.html
Infertility and TB (2) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၂) http://doctortintswe.blogspot.com/2014/10/infertility-and-tb-2.html
MDR TB Q and A ဆေးယဉ်တဲ့တီဘီ အမေး-အဖြေ http://doctortintswe.blogspot.com/2015/05/mdr-tb-q-and.html
Pleural effusion အဆုပ်အိတ်ထဲ အရည်အောင်းခြင်း http://doctortintswe.blogspot.com/2016/12/pleural-effusion.html
Primary Complex ကလေးတီဘီ http://doctortintswe.blogspot.com/2016/11/primary-complex.html
TB Medicines Side Effects (တီဘီ) ဆေးတွေ နဲ့ ဘေးထွက်-ဆိုးကျိုးတွေ http://dts-medicaleducation.blogspot.in/2012/04/side-effects-of-tb-medicines.html
TB No more in Medical Curriculum ဆရာဝန်တွေကို တီဘီ သင်မပေးကြတော့တာ စိုးရိမ်စရာ http://dts-medicaleducation.blogspot.com/2009/10/tb-no-more-in-medical-curriculum.html
TB Signs & Symptoms တီဘီရောဂါလက္ခဏာများ http://doctortintswe.blogspot.com/2016/12/tb-signs-symptoms.html
TB အသစ်လား အဟောင်းလား http://dts-medicaleducation.blogspot.in/2012/05/tb.html
BCG vaccine တီဘီ ကာကွယ်ဆေး http://dts-medicaleducation.blogspot.in/2013/01/bcg-vaccine.html
Bone tuberculosis အရိုး တီဘီ http://dts-medicaleducation.blogspot.in/2013/10/bone-tuberculosis.html
Intestinal Tuberculosis အူ (တီဘီ) http://dts-medicaleducation.blogspot.in/2013/01/intestinal-tuberculosis.html
MDR-TB ဆေးယဉ်တဲ့ တီဘီ http://dts-medicaleducation.blogspot.in/2013/11/mdr-tb.html
TB (Tuberculosis) တီဘီ http://dts-medicaleducation.blogspot.in/2008/10/tuberculosis-tb.html
TB Medicines Side Effects တီဘီဆေးတွေနဲ့ ဘေးထွက်သက်ရောက်မှုများ https://doctortintswe.blogspot.com/2018/04/tb-medicines-side-effects.html
TB No more in Medical Curriculum ဆရာဝန်တွေကို တီဘီ သင်မပေးကြတော့တာ စိုးရိမ်စရာ http://dts-medicaleducation.blogspot.com/2009/10/tb-no-more-in-medical-curriculum.html
TB Q and A (တီဘီ) အမေး-အဖြေ (၁) http://dts-medicaleducation.blogspot.in/2012/09/tb-q-and.html
TB Q and A (တီဘီ) အမေးအဖြေ (၂) http://dts-medicaleducation.blogspot.in/2014/01/tb-questions.html
TB အသစ်လား အဟောင်းလား http://dts-medicaleducation.blogspot.in/2012/05/tb.html
Tuberculin test (တီဘီ) အတွက် (ကြူဘာကူလင် တက်စ်) http://dts-medicaleducation.blogspot.in/2013/10/tuberculin-test.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး