နိုဝင်္ဘာ (၁) ရက်နေ့

အေဘီအက်စ်ဒီအက်ဖ်ရဲ့ ၂၉ နှစ်ပတ်လည်နေ့ပို့စ်တွေ ဖတ်ရပါတယ်။ ကျောင်းသားတပ်မတော်လို့ခေါ်တယ်။ ကျွန်တော်နဲ့ ၂၄ နှစ်ကြာ အတူကြိုးပမ်းခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။ ပြည်ပလှုပ်ရှားမှုမှာ သူတို့က တနှစ်စောဖွဲ့တယ်။ ကျွန်တော်က ၂ဝ၁၄ မှာ ပြည်ပစာရင်းကနေ တတိယနိုင်ငံစာရင်းထဲရောက်သွားပြီး၊ သူတို့က ပြည်တွင်းပြန်ရောက်ကြတယ်။

နိုဝင်္ဘာ (၁) ရက်နေ့ဆိုရင် ကျွန်တော့်မှာ မမေ့စရာတခုရှိပါတယ်။ ၁၉၆၅ ခုနှစ် နိုဝင်္ဘာ (၁) ရက်နေ့မှာ ဆေးကျောင်းသား ဖြစ်ပါတယ်။ ဆောင်းဝင်စရက် အေးမြမြရှိတယ်။ ကြည့်လေရာရာ မြူမှုံနဲ့ ခပ်ဝါးဝါးရှိတယ်။ မန္တလေးဘူတာကြီးကလာတဲ့ ကျောက်မီးသွေး မီးခိုးနံ့က ရနေသေးတယ်။ ကောလိပ်ကျောင်းသားတယောက်ရဲ့ စိတ်ခံစားမှုနဲ့အတူ သူငယ်ချင်းသစ်တွေ တွေ့ရတယ်။ သူတို့အားလုံးနဲ့ သိရခင်ရတာ (၄၈) နှစ်ပတ်လည်နေ့လို့ ပြောနိုင်ပြီ။

ဒေါက်တာတင့်ဆွေ
၂၉-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး