မိုးဦးကာလ ချောင်းကျပြီဆိုလျှင်

ဆရာ အလုပ်ပါးတဲ့အချိန်မှာ ဒီသတ်ပုံအကြောင်းလေး တင်ပေးပါလို့ လေးစားရိုသေစွာဖြင့် တောင်းဆိုပါရစေဆရာ။ လျှင် နှင့် ရင် သုံးနှုံးပုံတွေပါ။ လျှင် ကို အတိတ်ကာလက အနာဂတ်ကို မျှော်တွေးပြီး ပြောဆိုရာမှာ သုံးနှုံးပြီး၊ ရင် ကို အနာဂတ်သက်သက် သုံးနှုံးတာလို့ထင်မိပေမဲ့ မသေချာပါဆရာ။

ရင်
ရင်ကမ်းပန်း၊
ရင်ကျပ်ရောဂါ၊
ရင်ကြားစေ့ရေး၊
ရင်ခုန်သံ၊
ရင်ချောင်ဆေး၊
ရင်စေ့အင်္ကျီ၊
ရင်စည်းပဝါ၊
ရင်တုန်နေသလား၊
ရင်ပေါင်တန်းလိုက်ပါ၊
ဘုရားရင်ပြင်တော်၊
ရင္ဖံုးအက်ႌ၊
ရင္ဘတ္စည္တီး၊
ထဘီရင်ရှားဝတ်ထားသည်၊
ရင်သပ်အံ့သြ၊
ရင်အုပ်၊
ရင်အုံ။

လျင်
လျင်မြန်၊
အလျင်စလို။
အလျင်လို လမ်းအိုလိုက်။
အလျင်နှစ်က။
မြေငလျင်။
သံလျင်မြို့။
ငလျင်တော်လည်း။
ပဲလျင်။
ဆောလျင်စွာ။
လျင်လျား။

လျဉ်
အလျဉ်မပြတ်၊
ဆံလျဉ်ချတားသည်။

လျည်
ရောလျဉ်ကြော၊
ရေလျည်စမ်း။

လျင်း
အလျင်းအလိုမရှိ၊
အလျင်းမစဉ်းစား။

လျဉ်း
အလျဉ်းသင့်သည်၊
စပ်လျဉ်း၍။

လျှင်
သွားလျှင်၊
လာလျှင်၊ 
တလလျှင်၊
ပြောလျှင်၊
ဆိုလျှင်။

- မိုးဦးကာလ ချောင်းကျပြီဆိုလျှင်
- ပန်းလောင်ကြောမှာ ပိန်းကောလှေငယ်ရှင်
- တောင်ဖက်ကယ်တခွင် ထွက်ဝင်ဖောက်ကား
- ပဲ့ပါမည့်သူ မပါလူ ထိုးသူတယောက်သာငယ်နှင့်လေး။ (ဝန်ကြီး ပဒေသရာဇာ)

ဒေါက်တာတင့်ဆွေ

လွတ်လပ်ရေး ကမ္ဗည်းကျောက်စာ

လွတ်လပ်ရေး ကမ္ဗည်းကျောက်စာရှိ စာလုံးရေပေါင်း ၆ဝ ကို စာ ၆ ကြောင်းဖြင့် ရေးသားထားရသည့်အကြောင်းကို ထိုစဉ်က အစိုးရထုတ်ပြန်ချက်တွင် အောက်ပါအတိုင်း ဖော်ပြထားသည်။

လွတ်လပ်ရေးနေ့၌ စိုက်ထူလတံ့သော ကျောက်စာတိုင်များ ကမ္ဗည်းထိုးအံ့သော မော်ကွန်းစာကို ပြည်ထောင်ဦးဖြစ်၍ နိမိတ်မင်္ဂလာအလို့ငှာ ၆ ကြောင်းခွဲထားသည်။ တကြောင်းလျှင် စာ ဆယ်လုံးကျ စုစုပေါင်း ၆ဝ ထားသည်။ အက္ခရာမပြတ်စေရ၊ တကြောင်းမှ တကြောင်းသို့ ကူးထားသည်။

ဤစီစဉ်ထားခြင်းအကြောင်းကား သရေခေတ္တရာပြည်ကို ရသေ့၊ သိကြား၊ နဂါး၊ ဂဠုန်၊ ပရမေသူရာ၊ မဟာပိန္နဲ- သူမြတ် ၆ ပါး စောင်မ၍ တည်သည်ဖြစ်ကြောင်း အရင်းနိမိတ် ထင်ရှားစေလိုသည်ဖြစ်၍ ၆ ပါးကို စွဲ၍ စာ ၆ ကြောင်း အစုံရေးသားသည်။

မှတ်ချက် တစ်ကြောင်းလျှင် မဟုတ်။ တစ်ကြောင်းမှ တစ်ကြောင်းသို့ မဟုတ်။

ဒေါက်တာတင့်ဆွေ
Photo from Zaw Min-Oo

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး