ပျံ နှင့် ပြန်

ဆရာ ဂျာနယ်သမားတွေ ခွေးရူးကို အတောင်တပ်ပေးလိုက်ပါပြီ။ ဖော်ပြပါဂျာနယ် စာ ၇၊ ညာဘက်အောက်ခြေထောင့်က သတင်းပါ ခွေးရူးပျံတဲ့။

ပျံ
ခုန်ပျံကျော်လွှား
ငှက်ပျံ
စကြာပျံ
ဈာန်ပျံ
ပျံကျသမား
ပျံချီဘွဲ့
ပျံတံတံ နန့်တန့်တန့်
ပျံလွန်တော်မူသည်
ပျံလွှားငှက်
ပျံသန်း
ဘုန်းကြီးပျံ
မိန်းမပျံ
ရှူးပျံ
လွန်းပျံယာဉ်
လူပျံတော်ပတ္တမြား
ဝထီးငပျံ
ဝဲကာပျံ
ဥက္ကာပျံ
လေယာဉ်ပျံ

ပြန်
စကားပြန်
စားမြုံ့ပြန်
စာပြန်ပွဲ
တပြောင်းပြန်ပြန်
နာရီပြန်
ဘာသာပြန်
ပြန်၍လုပ်
ပြန်ကဘက်ကြိုးသီချင်း
ပြန်ကဟပ်စာစပ်နည်း
ပြန်ခရာ
ပြန်တမ်း
ပြန်ကြွတော်မူ
ပြန်ကြားသည်
ပြန်ကြားရေး
ပြန်လည်ထူထောင်
ပြန်လှန်ပြောဆို
ပြန်လာ
ပြန်သွက်လှယ် = လှည့်၍ပြန်ခဲ့သည်
ပြန်သွား
ပြန်ပေါင်းထုပ်
ပြန်ပေဆောက = အဆောတလျင် ပြန်ကြားပြောဆိုသည်
ပြန်ကြော်ဟင်း
ပြန်ပြော
ပြန်ပြောင်း
ပြန်ပြောင်းပြောဆို
ဖြစ်ပြန် ပျက်ပြန် လောကဓံ
ရှင်လိင်ပြန်
လက်ပြန်ကြိုး
လူပြန်တော် (လူပျံတော်နှင့် မတူ)
လူပြန်ပေးဆွဲ
အနက်ပြန်
အမိန့်တော်ပြန်
အပြန်ပြန်အလှန်လှန်
အိမ်ပြန်
နောက်ပြန်ထိုးရွာ
နောက်ပြန်ထိုင်
ဖေါက်ပြန်

ရှာတဘက်ကလေး ခေါင်းပေါ်တင်မိရင်ပဲ သဲသဲမဲမဲ ရွာပြန်တော့ (ရွှေမင်းဂံ)

သဲတဲ့ သဲငွေလျှံ ဝဲတဲ့ ဝဲ့ကာပျံ့ (ယမုန္နာ ပတ်ပျိုး)

ဒေါက်တာတင့်ဆွေ
၂၃-၁ဝ-၂ဝ၁၇
ပုံ = Alakarr Kyawswar ကျေးဇူး။ ပုံကို မတင်တော့ပါ။

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး