October 2017 အောက်တိုဘာ ကျန်းမာရေး အသိပေး
ယူအက်စ်အေမှာ ကျန်းမာရေး အသိပေးသတ်မှတ်ထာတာတွေရှိတယ်။
၁။ National Breast Cancer Awareness Month ရင်သားကင်ဆာ
၂။ National Liver Cancer Awareness Month အသည်းကင်ဆာ
၃။ National Mammography Day (October 20) မင်မိုဂရမ်
အမျိုးသမီး ၈ ယောက်မှာ ၁ ယောက်။ ရင်သားကင်ဆာဖြစ်နေကြရတယ်။ စောစောသိရင် ပျောက်ကင်းအောင်ကုသမှု ၁ဝဝ% အထိဖြစ်နိုင်တယ်။ အဲတာကြောင့် အသက် ၄ဝ ရှိသူအမျိုးသမီးတိုင်းကို နှစ်စဉ်မင်မိုဂရမ်ရိုက်စေတယ်။ ၁၉၉၃ ကတည်းက အမျိုးသား မင်မိုဂရမ်နေ့အဖြစ် အောက်တိုဘာလထဲကတရက်ကို သတ်မှတ်ခဲ့တယ်။ ၂ဝ၁၇ အတွက် ၂ဝ ရက်၊ ၂ဝ၁၈ မှာ ၁၉ ရက်၊ ၂ဝ၁၉ မှာ ၁၈ ရက်နေ့တွေမျာကျရောက်တယ်။
Mammogram မင်မိုဂရမ်က ဓါတ်မှန်ရောင်ခြည် နည်းနည်းလေးသုံးတယ်။ ရင်သားစစ်ဆေးဘို့အလွန်သင့်လျှော်တယ်။ Mammography လို့လည်းခေါ်တယ်။
အသစ်ပေါ်လာတာ ၃ မျိုးရှိနေပြီ။ Digital mammography ဒစ်ဂျစ်တယ် မင်မိုဂရပ်ဖီ၊ Computer-aided detection (CAD) ကွန်ပြူတာအကူအညီပြုစစ်ဆေးနည်းနဲ့ Breast tomosynthesis ရင်သား တိုမိုဆင်သီးဆစ်။
ဒေါက်တာတင့်ဆွေ
၂၁-၁ဝ-၂ဝ၁၇

Comments
Post a Comment