Quarter တမတ်
အစိတ်သားလို့ပြောရင် ၂၅ လို့ထင်ကြသူများတယ်။ မှားတယ်။ နေရာတိုင်းမှာ အစိတ်က ၂၅ တန်ဖိုးမဟုတ်ပါ။ အစိတ်ရဲ့အဓိပ္ပါယ်ကိုသေချာမသိလို့မှားကြတာ။ အစိတ်ဆိုတာ လေးပုံတပုံ။
၁ဝဝ ကို လေးပုံပုံရင်တော့ ၂၅။ တမတ် = ၂၅ ပြား၊ ကွာတား = ၂၅ ဆင့်။
တနာရီမှာ မိနစ် ၆ဝ ရှိလို့ အေကွာတားလို့ပြောရင် ၁၅ မိနစ်ဖြစ်တယ်။
တနှစ်မှာ ၁၂ လဖြစ်လို့ ကွာတားတခုဆိုတာ ၃ လဖြစ်တယ်။
ဗြိတိသျှအတိုင်းအတာမှာ ၁ ကွာတ = ၂၈ ပေါင်။
လူနေရပ်ကွက်ကိုလည်း ကွာတားလို့သုံးတယ်။
လူနေအဆောက်အဦးကြီးထဲက အစိတ်အပိုင်းတခုကိုလည်း ကွာတားလို့ခေါ်တယ်။
လ၊ သင်္ဘော၊ မြင်းစတာတွေမှာလည်း ကွာတားအသုံးတွေရှိသေးတယ်။
ဘယ်ကိုမှ မသွားလာရအောင် ပြစ်ဒဏ်ချထားတာကို ကွာတားချတယ်လို့ ခေါ်တယ်။ ထိပ်တုံးခပ်ထားတာကိုတော့ ကွာတားချတယ်လို့ မခေါ်ရပါ။ Stocks လို့ခေါ်တယ်။ သူများတွေဆီမှာ သက်တောင့်သက်သာရှိရာမှာ ကျောက်ချထားသလို နေရတာကိုလည်း ကွာတားလို့ခေါ်ပါတယ်။
ဒေါက်တာတင့်ဆွေ
၂၁-၁ဝ-၂ဝ၁၇

Comments
Post a Comment