လွတ်လပ်ရေး ကမ္ပည်းကျောက်စာ

လွတ်လပ်ရေးကမ္ပည်းကျောက်စာရှိ စာလုံးရေပေါင်း ၆ဝ ကို စာ ၆ ကြောင်းဖြင့် ရေးသားထားရသည့်အကြောင်းကို ထိုစဉ်က အစိုးရထုတ်ပြန်ချက်တွင် အောက်ပါအတိုင်း ဖော်ပြထားသည်။

လွတ်လပ်ရေးနေ့၌ စိုက်ထူလတံ့သော ကျောက်စာတိုင်များ ကမ္ဗည်းထိုးအံ့သော မော်ကွန်းစာကို ပြည်ထောင်ဦးဖြစ်၍ နိမိတ်မင်္ဂလာအလို့ငှာ ၆ ကြောင်းခွဲထားသည်။ တကြောင်းလျှင် စာ ဆယ်လုံးကျ စုစုပေါင်း ၆ဝ ထားသည်။ အက္ခရာမပြတ်စေရ၊ တကြောင်းမှ တကြောင်းသို့ ကူးထားသည်။

ဤစီစဉ်ထားခြင်းအကြောင်းကား သရေခေတ္တရာပြည်ကို ရသေ့၊ သိကြား၊ နဂါး၊ ဂဠုန်၊ ပရမေသူရာ၊ မဟာပိန္နဲ- သူမြတ် ၆ ပါး စောင်မ၍ တည်သည်ဖြစ်ကြောင်း အရင်းနိမိတ် ထင်ရှားစေလိုသည်ဖြစ်၍ ၆ ပါးကို စွဲ၍ စာ ၆ ကြောင်း အစုံရေးသားသည်။

မှတ်ချက် တစ်ကြောင်းလျှင် မဟုတ်။ တစ်ကြောင်းမှ တစ်ကြောင်းသို့ မဟုတ်။

ဒေါက်တာတင့်ဆွေ
Photo from Zaw Min-Oo

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး