Current trend ကာလပေါ်

မြန်မာပြည်တိုးတက်ကြောင်း ဖွဲ့ဆိုထားတဲ့ မောင်မိုးပွင့် (ရေကြည်) ရဲ့ ကဗျာတပုဒ်ဖတ်ရတယ်။ ကဗျာဆရာတွေ၊ စာရေးဆရာတွေက စကားလုံးလေးတွေကို မွေးယူတတ်ကြတယ်။ ခုနောက်ပိုင်းမှာ စကားလုံးတွေကို မွေးစားမနေတော့ပဲ အရင်းအတိုင်းသုံးလာတာကို သတိထားမိတယ်။

မားဆပ်မှာ အမေ၊ အဖေက ဖာခေါင်း၊ အမ ကေတီဗွီနဲ့ ညီငယ်မှာ စားပွဲထိုး၊ တိုးတက်ပါကြောင်းတဲ့။ (ကန်တော့ပါ)

မေးခွန်းတွေထဲမှာပါတတ်တဲ့ မာဆပ်ကို အစကနားမလည်ခဲံပါ။ ရောဂါနဲ့ဆက်ပြီး စဉ်းစားယူမှသိတယ်။ ကေတီဗွီကိုလည်း အရှည်လိုက်ရှာရသေးတယ်။ ကေတီဗွီဆိုတာ ကာရာအိုကေကို တရုပ်နဲ့ ကမ္ဘောဒီယားမှာခေါ်တယ်လို့ ဖတ်ရတယ်။ မြန်မာပြည်မှာလည်း အဲလိုပဲလို့ ဝီကီပီးဒီးယားကို ပြောလိုက်ကြပါဦး။

ကျွန်တော့ရောဂါစာ၊ ကဗျာတော့မဟုတ်ပါ။
- အမေက HIV
- အဖေက C
- ညီငယ်က TB
- အမက AIDS
- မြန်မာပြည်ကြီး အလွန်တိုးတက်။

ဒေါက်တာတင့်ဆွေ
၂၄-၁ဝ-၂ဝ၁၅
၂၄-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး