Widowhood မုဆိုးမ

အခုတစ်ရက်နှစ်ရက်အတွင်းမှာ မုဆိုးမဖြစ်နေသူတွေကနေ ရေးတာလေးတွေကို သတိထားမိတယ်။ သုံးလေးယောက် ရှိမယ်ထင်တယ်။ သူများနိုင်ငံကစာထဲမှာ ဖတ်ရတာတွေလည်းရှိတယ်။

သူရဲကောင်းတယောက်ရဲ့ မုဆိုးမဖြစ်ရတာဟာ သူရဲဘောကြောင်သူရဲ့ မိန်းမဖြစ်ရတာထက် သာလွန် ကောင်းမွန်တယ်။ (ဒေါ်လိုရီ အီဗာရုရီ)

ကျမဟာ ပျော်စရာကောင်းပြီး ပြည့်စုံတဲ့ဘဝတခုထူထောင်ဘို့ကြိုးစားနေမိတာ မှားတာပဲ။ ဘာလို့လဲဆိုတော့ ကျမရဲ့ နှလုံးသားက သေဆုံးသွားတဲ့ယောက်ျားရဲ့ရင်ထဲမှာ မြုပ်ထားပြီးခဲ့ပြီမဟုတ်လား။ (ခရစ်စတိန် ဟုပ် မက်ဇိုလာ)

ကျွန်တော်တို့လဲ သူအရင်လား၊ ကိုယ်အရင်လားဆိုတာ စဉ်းစားမိကြတာ၊ စကားစပ်မိကြတာ သုံးလေးနှစ်လောက်ရှိပြီလို့ ရေးဖြစ်လိုက်သေးတယ်။ ကျွန်တော်ဇနီးက သူအရင်သာဖြစ်ချင်တယ်လို့ ပြောဘူးတာကို ထည့်ရေးရမလား၊ မရေးပဲ ထားရမလားနဲ့ အခုသာရေးပါတယ်။ ဒီစာရေးတာ သုံးနှစ်တိတိ ကျွန်တော်တို့နှစ်ယောက် ဂုံနီအိတ်စွပ် သုံးချောင်းထောက်လျှောက်နေကြဆဲ။

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၄
၂၈-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး