Once Upon a Time တခါတုန်းက

တခါတုန်းက တောအုပ်တခု၌ ယုန်အပေါင်းတို့သည် ပျော်ရွှင်စွာ စုဝေးနေထိုင်ကြလေသည်။ ယုန်ဝါ၊ ယုန်ပြာ၊ ယုန်ညို စသည်ဖြင့် မျိုးစုံလှပေသည်။

တနေ့သော် ထိုတောအုပ်အနီးသို့ ကြောက်မက်ဖွယ်ကောင်းသော ဝံပုလွေကြီးများ လာနေသည်ဟု သတင်းရ၍ -
ဝံပုလွေအုပ် တအုပ်တော့ ဟိုဘက်ကလာနေတာဘဲ
ဒီဘက်ကို ဦးတည်နေတာဘဲနော်

ယုန်အပေါင်းတို့မှာ ဝံပုလွေ ဖမ်းစားခံရမည်ကို ကြောက်လန့်ကြသဖြင့် သေပြေး ရှင်ပြေး ပြေးကြကုန်၏။ မြေတွင်းထဲသို့ ပြေးဝင်ကြကုန်၏။
ဟောဟဲ ဟောဟဲ
ရေငတ်လိုက်တာ
ဝံပုလွေတဲ့ ဒုက္ခဘဲ

ညဘက်ရောက်သောအခါ အစာမဝ၍ -
ဆာတယ် ဆာတယ်
အဲ ရေသောက်မယ်
ရွှတ်

ညသန်းခေါင်ယံအထိ မြှော်လင့်နေသော ဝံပုလွေသံများ မကြားရမှ ယုန်အိုကြီးတကောင်က ယုန်များကို မြေတွင်းထဲမှာပင် စုဝေးစေပြီး ပြောပြ၏။

ငါလဲ ဝံပုလွေသံကို အမြဲနားစွင့်နေတာဘဲ။ တခါမှတော့ မကြားမိသေးပါဘူး။ ဒါပေမဲ့ သတိတော့ ကြီးစွာထားကြရမယ်။ အစားအစာကလဲ မစားဘဲနေလို့မရဘူး။ ဒီတော့ ဒီရက်ထဲမှာ သန်မာဖြတ်လတ်တဲ့ ယုန်ပျိုများက အပြင်ထွက်ပြီး အများအတွက် အစာရှာရလိမ့်မယ်။ ဘယ်သူ ဘယ်ဝါ ဘယ်တော့ အလှည့်ကျမယ်ဆိုတာတော့ မဲစနစ်နဲ့ ဆုံးဖြတ်ကြတာပေါ့။

မှတ်ချက် သတ်ပုံတွေမှာ တစ်ခါတုန်းက မဟုတ်။ တောအုပ်တစ်ခု၌ မဟုတ်။ တစ်နေ့သော် မဟုတ်။ ဝံပုလွေအုပ် တစ်အုပ် မဟုတ်။ ညသန်းခေါင် ကို သန်ကောင် လို့ ရေးခဲ့တယ်။ ဦးတည်နေတာဘဲမှာ တချို့က မ နောက်က ဘဲလိုက်ဥပဒေသ လုပ်တယ်။ ဒီနေရာမှာ မကိုက်ညီပါ။ မြှော်လင့်ကိုလည်း မျှော်လင့်လို့သာရေးတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၁ဝ-၂ဝ၁၆
၂၃-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ