အမိန့်နဲ့ပြောင်းခိုင်းတာ စာမဟုတ်ပါ

ဆရာရှင့် အဲ့ထဲမှာပါတဲ့စာကြောင်းကို မေးချင်ပါတယ်။ အိပ်နေကြပါသော်လဲကို လည်း နှင့်ရေးတာမဟုတ်ဘူးလား။ လဲ လဲကျလည်း စကားဆက်၊ ကျေးဇူးပြု၍ ရှင်းပြပေးပါ။

အဲဒီ တလောကလုံးသည်ပို့စ်ရေးကတည်းက မြန်မာစာကိုအလေးအနက်ထားသူတွေက မေးကြမလားလို့ စိတ်ထဲမှာ ပေါ်ခဲ့တယ်။ ထောက်ပြသူက အိပ်မောကျနေပြီဖြစ်သော်လဲကို ပြောတာဖြစ်ပါတယ်။ လဲနဲ့လည်း အသုံးမတူတာကို ကျွန်တော်ရေးထားတယ်။

လဲ = အမေးသဘောသက်ရောက်သော ဝါကျအဆုံးစကားလုံး။ တိမ်းစောင်းကျသည်။
လည်း = အတူတူဖြစ်ကြောင်း၊ ပါဝင်ကြောင်း။

ဒါပေမယ့် မြန်မာစာအရေးအသားကို အရင်က ပုံသေနည်းမထားခဲ့ပါ။ မူကွဲတွေရှိတာကို အသိအမှတ်ပြုကြတယ်။ စစ်အစိုးရတွေလက်ထက်ကစပြီး။ အမိန့်နဲ့လုပ်လာတယ်။ ၁၉၈၁ လောက်ကနေစတယ်။ နမူနာပြစရာတွေ အများကြီး။ လဲနဲ့ လည်း၊ ပဲ နဲ့ ဘဲ၊ အိပ်ယာနဲ့ အိပ်ရာ၊ ဂဏန်းနဲ့ ကနန်း၊ ပဌမနဲ့ ပထမ၊ ပုစွန်နဲ့ ဗုဇွန်၊ အများကြီး။

ကျွန်တော့်အမြင်ကတော့ တရားသေမှတ်ယူတာမှန်သမျှ အနှောင့်အသွားမလွတ်ပါ။ တ နဲ့ တစ်ကလွဲရင် ကျွန်တော့် ကိုယ်ပိုင်အယူအဆကို မပြောသလောက်ပါ။ ဘယ်တုန်းက ဘယ်ထဲမှာ ဘယ်လိုရေးခဲ့ကြတယ်ဆိုတာကို အထောက်အထားနဲ့ တင်ပြပါတယ်။

စာအရေးအသားဆိုတာ ခေတ်အရ ပြောင်းတယ်။ အဲတာလည်း နမူနာတွေ အများကြီးတင်ပြထားပြီးပါပြီ။ ရှေးကစာလုံးတွေ ပျောက်ကွယ်ကုန်ကြပြီ။ ခေတ်အရဆိုတာ လွယ်ကူရှင်းလင်းပြီး မှန်ကန်တာကို ပြောင်းတယ်။ အမိန့်နဲ့ပြောင်းခိုင်းတာ စာမဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၅-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ