Kerosene lamp မီးအိမ်ဆွဲ၍ သွားလာခဲ့ရခြင်း

ဆေးမန်းမှာ ခုနစ်နှစ်လုံးလုံး ခုံချင်းကပ်ထိုင်ရတဲ့ သူငယ်ချင်းကတင်ထားတယ်။ ဒီနေ့ ဇနီးသည်ရဲ့ ကျန်းမာရေးစစ်ဆေးမှု နောက်ဆုံးနေ့တဲ့။ သူတို့က ဘန်ကောက်ရောက်နေကြတာ။

ကျွန်တော် ပြည်ပနိုင်ငံရေးကာလအတွင်းမှာ ဘန်ကောက်ကိုရောက်တာ တကယ်ကို အကြိမ်ပေါင်း မရေတွက်နိုင်ပါ။ ပြည်တွင်းကသူငယ်ချင်းတွေ အသိမိတ်ဆွေတွေ တယောက်မှမတွေ့ဖြစ်ပါ။ ကျွန်တော်က သူပုန်စာရင်းထဲမှာပါလို့ ပြည်တွင်းကလူမှန်သမျှ ဝေးဝေးကရှောင်ရတယ်။ တွေ့တော့တွေ့ချင်တာပေါ့။ ကျွန်တော်နဲ့တွေ့လို နေကောင်းလားလေး မေးတာနဲ့ကို သူတို့ ပြည်တွင်းပြန်ရောက်တဲ့အခါ အန္တရာယ်ရှိတယ်။

ကိုယ် ဘန်ကောက် ခဏခဏရောက်တုန်းက သူငယ်ချင်းက နေကောင်းနေတော့ မတွေ့ရဘူးပေါ့။

နေကောင်းအောင် နေနေပါတယ် သူငယ်ချင်း။ အဆင်ပြေရင် အမေရီးကားကို လာတွေ့ပါ့မယ်။

အေ့း့ မောင်ရင်က အနောက်ကိုလျှောက်၊ ကိုယ်က အရှေ့ကိုလျှောက်၊ အာဖရိကလောက်မှာ ဆုံမယ်။ အဲဒီမှာ ကျော်သင်းရှိတယ်။ တုတ်ကောက်မပါကြေး။

ကိုယ်လမ်းလျှောက်တိုင်း တုတ်ကောက်ကိုင်လေ့ရှိတယ်။ ထောက်ဖို့မဟုတ်၊ ခွေးခြောက်ဖို့သက်သက်သာ။

အော့့် မြို့သာက မျက်မမြင်တဦးကို သတိရတယ်။ ညလည်ထွက်ရင် ရေနံဆီမီးခွက်ပုံးလေးဆွဲဆွဲသွားတယ်။ ဟာ ဘိုးထွန်းသိန်း မျက်စိမမြင်ပဲ ဘာလို့ မီးအိမ်ဆွဲတာလဲဆိုတော့ အေ့း့ ငါက ငါ့လမ်းငါသွားတတ်တယ်။ မျက်စိမြင်တဲ့သူတွေက ငါ့ကိုဝင်တိုက်မှာစိုးလို့တဲ့။

ကျွန်တော် ပြည်ပနိုင်ငံရေးမှာ မီးအိမ်ဆွဲသွားလာခဲ့ရတာ ၂၄ နှစ်ကြာတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ