ကျွန်တော့်နဲ့ မိဘအိမ်ရာ

မင်္ဂလာပါဆရာ။ အဲဒီဝါကျကို ဘယ်လိုအဓိပ္ပါယ်ယူရမလဲဆရာ။ ဆရာအချိန်ရရင် ဖြေခဲ့ပေးပါဦး။

မိဘအိမ်ရာကတော့ ကျွန်တော့်ကို ဘယ်တော့မှ မစွန့်ပယ်ခဲ့ပါဘူး။

ဝါကျတည်ဆောက်ပုံ မှားနေတယ်ထင်ပါတယ်။ စာရေးတဲ့သူက ဘယ်လိုဆိုလိုသလဲတော့ စဉ်းစားနေရတယ်။ ကတား ခေါ် ပြုလုပ်သူက ကျွန်တော်လား။ မိဘအိမ်ရာလား။

ကျွန်တော့်က မိဘအိမ်ရာကနေတော့ ဘယ်တော့မှ မစွန့်ခွါခဲ့ပါဆိုတာက တမျိုးဖြစ်တယ်။ ထွက်ခွါရာပုဒ်။

ကျွန်တော့်က မိဘအိမ်ရာကို ဘယ်တော့မှ မစွန့်ပယ်ခဲ့ပါဆိုတာက တမျိုးဖြစ်တယ်။ ကံ။

ကြိယာဖြစ်တဲ့ မစွန့်ပယ်နဲ့ စွန့်ခွါတာ မတူပါ။ စွန့်ပယ်ဆိုတာ မသုံးတော့တာ။ စွန့်ခွါဆိုတာက နေရပ်ကနေ မနေလိုတော့လို့ နေမရတော့လို့ ထွက်ခွါတာ။

ဒေါက်တာတင့်ဆွေ
၃ဝ-၁ဝ-၂ဝ၁၇


Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး