မြန်မာစာပုဆိန်ရိုး


ခေါင်ကမလုံ

အဆောက်အဦပို့စ်အောက်မှာ ကွန်မင့်တခုရပါတယ်။ မြန်မာစာပါမောက္ခမေးဖို့သင့်တယ်တဲ့။

ပြန်ရေးမိတယ်။ သူတို့မေးရင် ဘာဖြေမလဲ သိထားပါတယ်။ ဆောရီး။ တချို့ဆရာကြီးတွေကိုရည်ညွှန်းတာပါ။ ကန်တော့ပါ။*

ခဏနေတော့ ApannPyay တင်ထားတဲ့ပို့စ်တခု တွေ့ပြန်တယ်။ ပါဠိကို ပါဋိဆိုပြီး ပုံနှိပ်ထုတ်ဝေထားတယ်။ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ပါဋိဌာနကပြုစုသည်တဲ့။

ဗျည်းသုံးဆဲ့သုံးလုံးကိုတောင်မှ ဖြီးသင်နေကြသလား မသိပါ။ ခေါင်ကမလုံတော့ အိမ်ထဲမှာ မိုးစိုတယ်။ မျက်နှာကြက် မိုးယိုတော့ အထဲမှာ ပိုသည်းတယ်။

အဲဒီပုံက တကယ်မစစ်မှန်ရင် တောင်းပန်ပါတယ်။

ဆရာနဲ့ friend မဟုတ်လို့မတွေ့တာထင်ပါတယ်ဆရာ။ follow ဖြစ်နေလို့ထင်ပါတယ်။

အခုမှသာ တွေ့တယ်။ ကျေးဇူး။

နောက်ထုတ်စာအုပ်တွေမှန်သမျှ ၉ဝ% လောက်ဟာ သတ်ပုံတွေကို ပြင်ထုတ်ထားတယ်။ စစ်အစိုးရက အမိန့်နဲ့ ပြင်ခိုင်းတာတွေသာဖြစ်တဲ့အကြောင်း ပုဒ်ရေပေါင်း သက်သေပေါင်း မနည်းမနော တင်ပြထားပြီးပြီ။

ဆရာကတော့ အလွဲသုံးစားလို့ မမြင်ပါ။ အမှားကိုရောင်းစားနေကြတဲ့ မြန်မာစာပုဆိန်ရိုးတွေလို့ထင်မိတယ်။ အမှားလုပ်သူတွေ နောက်မှာလည်း လူအုပ်လိုက်ရှိတယ်။ ဟို ထိပ်ကနေစတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး