Schools ကျောင်းပြိုင်ပွဲ

ဘာတွေလဲတော့ သေချာ မသိပါ။ ရန်ကုန်နဲ့ မန္တလေးက ကျောင်းအမည်တွေတင်ကြတာ တွေ့တယ်။ အပြိုင်အဆိုင် စာလေးတွေက ပါသေးတာ။

လူတကာချစ်ခင် တာမွေပင်တဲ့။
တည်ငြိမ်အေးဆေး ဗိုလ်တထောင် (၄) တဲ့။
အကုန်ဝုန်းမည့် ဒဂုံ (၃) တဲ့။
ပန်းကောင်းပွင့်တဲ့ စမ်းချောင်း (၂) တဲ့။
ဆယ်လီအကုန်ဖြစ် ဒဂုံ (၂) တဲ့။
အထက (၂) ဗဟန်းက တော်ဝင်နန်းဆန် တို့နန်ယန်တဲ့။ အဲတာကိုတော့ နားမလည်ဘူး။
စည်းကမ်းရှိတာ (၁၆)၊ အချောအလန်းတွေရှိတာ (၁၆) တဲ့။

တလောက ကွန်မင့်မှာ အလမ်းလို့ရေးတယ်။ နာရီနှိုးစက်ထင်တယ်။ အိန္ဒိယမှာ အတူနေခဲ့တဲ့ ကျောင်းသားဟောင်း တယောက်က ဗိုလ်တထောင်လို့ တင်ထားတယ်။ ဗိုလ်တစ်ထောင်မဖြစ်သေးတာ ချီးမွမ်းမိတယ်။ ကျောင်းအမည်တော့ မဟုတ်ပါ။ ပို့စ်တခုမှာ မုံရွာ တစ်နေရာတဲ့။ မုံရွာသတ်ပုံ ရှုံးတယ်။

ကောင်းသောပြိုင်ဆိုင်ခြင်းကို အားပေးတယ်။ မြန်မာစာကောင်းတဲ့ကျောင်းတွေ နိုင်ပါစေ။

ဒေါက်တာတင့်ဆွေ
၂၃-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်