ရွေ့ရှား

ဆရာ မရွေ့ရှားလို့မှာ ရှားကအမှန်လား လျားကအမှန်လားခင်ဗျာ။

စာထဲပါအတိုင်း ကူးရိုက်ထားပါတယ်။

ဟုတ်။ ဆရာရိုက်တာကို မဟုတ်ပါဘူးခင်ဗျာ။ သတ်ပုံကျမ်းအမှန်ကို သိချင်တာပါဆရာ။

ရွေ့
ရွေ့လျောသည်။ ရွေ့သွားသည်။ တရွေ့ရွေ့။ ကာလရွေ့လျော။ သွား၍ လာ၍။ ကြုံသ၍။ (၍့ လို့ အရင်က ရေးခဲ့ကြပါတယ်။)

ရှား
ရှားစေး။ ရှားပင်။ ရှားပါးစရိတ်။ ထင်ရှားကျော်စော။ ရှောင်ရှားသည်။ ရှားမီးခဲ။ ရှားချက်သည်။ ရှားစောင်းကြီးပင်။

ရှောင်
ရှောင်ကြဉ်။ ရှောင်ခွါ။ ရှောင်ဖယ်။ ရှောင်ရှား။ ရှောင်သွေ။ ရှောင်တိမ်း။ တရှောင်ရှောင်။ ခေါင်းရှောင်။ ရှောင်တခင်။

လျော
လိုက်လျောသည်။ လျောပြွမ်း (ရောနှော) သည်။ လျောကျသည်။ ချောလျော (မကျက်သော ပဲနောက်ဟင်းကဲ့သို)။ အလျောတဝင်။ လိုက်လိုက်လျောလျော။ မကောင်းလိုက်လျော၊ ကောင်းလိုက်လျော။

လျား
လျား = ကြာမြင့်သည်။ ကစဥ့်ကလျား။ စုလျား (အပေါ်တင်ပုဆိုးအဖြူ)။ ကလျား (ဖရိုဖရဲ)။ ပါးလျား။ ကာလရှည်လျား။ အနံအလျား။ အိမ်တန်းလျား။ စောင်းလျားပင်။ ဘာသာလောက်လျား။ သနစ်ကြောင်းလျား။ ဆံပင်ဖါးလျား။ မဟုတ်မလျား။ လျော့လျား။ လတ်လျားလျား။

ဒေါက်တာတင့်ဆွေ
၁-၁၁-၂ဝ၁၆
၁-၁၁-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး