Thanks ကျေးဇူး

မင်္ဂလာပါဆရာ ကျွန်တော့အမေက ထမင်းစားပြီး ဗိုက်တင်းတယ်လို့ပြောတယ်။ နဲနဲစားလဲတင်းတယ်လို့ပြောတယ်။ ခြက်ရဲ့အောက်ပိုင်းလည်းတင်းတယ်လို့ပြောတယ်။ အစာအိမ်လည်းနာတယ်လို့ပြောတယ်။ အာထာစောင်းရိုက်တော့ အသည်းမှာအဆီဖုံးတယ်လို့ပြောတယ်။ အစားအသောက်နဲ့ဘယ်လိုဆက်လုပ်စင်ချင်ရပါသလဲဆရာ။ ကျေးဆူးပြုပြီး ဖြေပေးပါဆရာ။ ECG ဆွဲကြည့်တော့ နလုံးသွေးကြောကျဉ်းလည်းရှိတယ်လို့ပြောတယ်ဆရာ။

ခြက်လို့ရေးတာ မှားတယ်။ ချက်လို့ ရေးရတယ်။
အာထာစောင်းလို့ရေးတာ မှားတယ်။ အာထွာဆောင်းလို့ ရေးရတယ်။
စင်ချင်လို့ရေးတာ မှားတယ်။ ဆင်ခြင်လို့ ရေးရတယ်။
ကျေးဆူးပြုပြီးလို့ရေးတာ မှားတယ်။ ကျေးဇူးပြုပြီးလို့ ရေးရတယ်။

ကျေး = ကျေးရွာ၊ ကျေးလက်တောရွာ၊ ကျေးဇူးတရား၊ ကျေးကျွန်၊ ကျေးငှက်၊ ယဉ်ကျေးသိမ်မွေ့၊ ကျေးသား။

ကြေး = ငွေကြေးဥစ္စာ၊ ငါးအကြေးခွံ၊ ကြေးနီ၊ ကြေးဝါ၊ ကြေးစည်၊ မှန်ကြေးမုံ၊ အညစ်အကြေး၊ ကြေးညှော်၊ ကြေးစားမ၊ ကြေးရတတ်။

ဆူး = ဆူးစူးသည်၊ ဆူးပုပ်ပင်၊ ကျောက်ဆူး၊ ဆူးခြုံ။

ဇူး = ကျေးဇူး၊

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး