မင်းတိုင်ပင်

ကျနော်တို့သွားတုန်းက မှတ်တမ်းတင်ထားတဲ့ပုံလေးပေါ့ဆရာ။ အဲဒီကျောင်းကိုရောက်သွားတဲ့အချိန်မှာ စိတ်မကောင်းစရာ ကြားရတာလေးတခုက အဖိုးတန်ရှေးဟောင်းပစ္စည်းတချို့ကို ဦးကျော်ဆန်းလက်ထက်က ပြတိုက်မှာ ထားဖို့ဆိုပြီး တော်တော်များများယူ သွားဖူးတယ်တဲ့ဆရာ။ ပြီးတော့ ရှေးဟောင်းပစ္စည်းအများအပြားဟာလည်း ဖျက်စီးခံထားရတာကို ဝမ်းနည်းစွာတွေ့မြင်ခဲ့ရပါတယ်ဗျ။

ကျွန်တော်ကြားသိသလောက် အဲတာမှန်တယ်။ ဗိုလ်ချုပ်ကျောင်ဆန်းက ကျွန်တော်နဲ့ နှစ်ဝမ်းကွဲတော်ပါတယ်။ အဲဒီအချိန်က ကုန်သွယ်ရေးဒုဝန်ကြီး။ ဗိုလ်ချုပ်ခင်ညွန်ကို မင်းတိုင်ပင်ခေါ်လာတယ်။ ကင်းဝန်မင်းကြီးထားခဲ့တဲ့ တန်ဖိုးရှိတာတွေ အကုန်မသွားကြတယ်။ သိန်း ၄ဝ လှူခဲ့တယ်လို့လည်းကြားတယ်။ မကြာခင် ကိုကျော်ဆန်းက ဝန်ကြီး ဖြစ်လာတယ်။ နောက်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးဖြစ်ခဲ့တယ်။

ကျွန်တော်ငယ်ငယ်က မင်းတိုင်ပင်ရောက်တိုင်း ဘုန်ကြီးကျောင်းကိုရောက်ပါတယ်။ ကြေးကုတင်ကြီး၊ တိုင်ကပ်နာရီမျိုးစုံ၊ ပေစာတွေနဲ့ တခြားတန်ဖိုးရှိပစ္စည်းတွေကို ကျောင်းထိုင်ဆရာတော်က ထုတ်ပြပါတယ်။

တိုက်ဆိုင်လို့ပြန်ပြောပါရစေ။ ကျွန်တော့်အဖြစ်က မင်းစာလုံးတွေနဲ့ဆက်စပ်တယ်။ အဖေ့ရွာ မင်းရွာမှာ မွေးတယ်။ အမေ့ရွာက မင်းတိုင်ပင်၊ အမေ့ဘကြီး ကင်းဝန်မင်းကြီးဦးကောင်းလည်း မင်းတိုင်ပင်မှာမွေးပါတယ်။

ကျွန်တော်ကတော့ မင်းဘေးသင့်ခဲ့တဲ့ မင်းပြေး။ မင်းချင်းခေါ်ရမယ့် ထောက်လှမ်းရေးဘေးက ပြေးခဲ့ရတယ်။ ကျွန်တော်က ဘယ်တော့မှလည်း မင်းဖြစ်မှာမဟုတ်ပါ။ မင်းလောင်းမင်းလျာရွေးတာ မဲမပေးရပါ။ မင်းခမ်းမင်းနားတွေကျင်းပရာ နေပြည်တော်ကို မရောက်ဘူးပါ။ မင်းပြစ်စိုးဒဏ်မခံနိုင်လို့ တိုင်းပြည်ကထွက်ပြေးရပေမယ့် ရွာ့ပြင်ထုတ်ခံရသူမဟုတ်ပါ။ အခုတော့ မင်းတုပ်တံခါး ဖွင့်ထားပုံရပါပြီ။ မင်းတိုင်းကျေလုပ်သူတွေနဲ့ မင်းမြှောင်စိုးကပ်တွေကိုတော့ အဝေးကမြင်ရတယ်။ မင်းက ကျွန်တော့်ကိုမနိုင်။ ကျွန်တော်ကလည်း မင်း (သူငယ်ချင်း) ကို မနိုင်။

ဒေါက်တာတင့်ဆွေ
၂၅-၁ဝ-၂ဝ၁၇
Photo sent by Aung Kyaw ကျေးဇူး။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ