မြန်မာစာ လောကဓံ

သတ်ပုံတွေ မှားပုံကတော့ အိမ်က ကလေးငှါးလာတဲ့ လောကဓံရှစ်ပါးစာအုပ် အရှေ့ဆုံးစာမျက်နှာ အောက်ပါပုံအတိုင်းပဲ ဆရာ။

လာဘ်သတ်ပုံတွေ မှားနေတယ်။ အယသော မှားရေးတယ်။

လောကဓံတရားရှစ်ပါး = ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊ လာဘ်ရခြင်း၊ လာဘ်မရခြင်ဒ၊ အခြွေအရံများခြင်း၊ အခြွေအရံနည်းခြင်း။

စာလေးတပုဒ်မှာ ရေးထားတယ်။ တခါတရံ လောကဓံ၊ စပါးနှံခေတ် တစ်တွေဖြစ်။ ရှေးထုံးရှေးစံ လက်မခံ၊ ခန္ဓာပုပ်နံ ကိုယ်တစ်လံဖြစ်။

အဲဒီကတည်းက မြန်မာစာဟာ လာဘ်တိတ်သွားတယ်။ ကဲရဲ့ခံရတယ်။ ဆင်းရဲသွားတယ်။ အဲ့ အခြွေအရံကတော့ များလှတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၁ဝ-၂ဝ၁၇
Photo from Daw Mi Thinn ကျေးဇူး

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး