NSAIDs (1) အကိုက်အခဲပျောက်ဆေးများ (၁)
ဆရာ မင်္ဂလာပါရှင်။ NSAID link လေး ပြန်တင်ပေးပါ ဆရာရှင့်။ ပြန်ရှာတာ မတွေ့လို့ပါဆရာ။
NSAID ဆိုတာ Nonsteroidal anti-inflammatory drugs (စတီရွိုက်) မပါတဲ့ အရောင် သက်သာဆေးတွေဖြစ်တယ်။ နေရာတကာမှာသုံးတယ်။ အိမ်တိုင်းမှာလဲ ရှိတတ်တယ်။ ဝယ်ရတာလဲ အင်မတန်လွယ်တယ်။ ထိရောက်မှုလဲ ရှိတယ်။
Steroid (စတီရွိုက်) ဆိုတာ ဓါတုဗေဒအရ (အော်ဂဲနစ်) ဒြပ်ပေါင်းတွေ ဖြစ်တယ်။ ဆေးဝါးဗေဒအရ Cholesterol (ကိုလက်စထော)၊ Anabolic steroids (ခွန်အားတိုး-စတီရွိုက်)၊ Estradiol မိန်းမ-ဟော်မုန်း၊ Testosterone ယောက်ျား-ဟော်မုန်း နဲ့ Dexamethasone (ဒက်ဆာမီသာဇုမ်း) အားလုံး ပါတယ်။ (စတီရွိုက်) ကနေလဲ ရောင်ခြင်းဖြစ်စဉ်ကို တားပေးတယ်။ (စတီရွိုက်) ဆေးအမျိုးအစားက ပြင်းတယ်လို့ ပြောတာ မမှန်ဘူး။ တလွဲမသုံးသင့်ဘူးပြောမှ မှန်တယ်။ ဒါတောင် အမေရိကားမှာ လူဦးရေ ၁% က တလွဲသုံးနေကြတယ်။
Inflammation ရောင်ခြင်းဖြစ်စဉ်ဆိုတာ ရောဂါဗေဒမှာ အခြေခံဖြစ်တယ်။ ကိုယ့်လက်ကိုယ် ရိုက်ကြည့်လိုက်ပါ။ အရိုက်ခံရတဲ့ နေရာမှာ အခြင်းအရာ ၅ မျိုး ဖြစ်လာတယ်။ နီ၊ ပူ၊ ရောင်၊ နာ၊ ဆိုတာတွေ ဖြစ်လာမယ်။ ဒါ့ပြင် ထိခိုက်ခံရတဲ့ (တစ်ရှူး) တွေက သူ့အလုပ်သူ မလုပ်နိုင်တာလဲ ပါသေးတယ်။ ဒါ့ကြောင့် ဒီလိုဖြစ်တဲ့ ရောဂါလက္ခဏာတွေကို သက်သာအောင် NSAIDs ဆေးတွေကို သုံးတယ်။
NSAIDs ဆေးတွေကနေ ရောင်တာ၊ ဖျားတာ နဲ့ နာတာကိုဖြစ်စေမဲ့ Prostaglandins (ပရိုစတက်ဂလင်ဒင်) ဓါတ် ထုတ်ပေးရာမှာလိုအပ်တဲ့ Cyclooxygenase (COX) ခေါ်တဲ့ (အင်ဇိုင်းမ်) ကို တားဆီးပေးတာတယ်။ COX-1 နဲ့ COX-2 ဆိုပြီး ၂ မျိုး ရှိတယ်။
• COX-1 အမျိုးအစားက Platelets သွေးမှုံတွေကို တက်ကြွစေမဲ့ Prostaglandins (ပရိုစတက်ဂလင်ဒင်) ထုတ်ပေးလို့ အစာအိမ်နံရံ၊ အူနံရံတွေကိုလဲ အကာကွယ်ပေးတယ်။ ကျောက်ကပ်ကိုလဲ အကူအညီပေးတယ်။
• COX-2 inhibitors ကထူးခြားတယ်။ ရောင်တာကိုဖြစ်စေတဲ့ (အင်ဇိုင်းမ်) ကိုသာ ပြစ်မှတ်ထားလို့ အစာအိမ်နံရံကို မထိခိုက်စေဘူး။ ဒါပေမဲ့ နှလုံးရောဂါအတွက် မသုံးနိုင်ဘူး။ အဆစ်တွေထိခိုက်တာ၊ ရောင်တာတွေကို သက်သာစေတယ်။ အဆီနဲ့တွဲမစားသင့်ဘူး။ Antacids လေဆေးနဲ့ တွဲမပေးသင့်ဘူး။ ဈေးနဲနဲပိုကြီးတယ်။ ဆေးကို ရက်ကြာကြာပေးလို့ ရတယ်။
Aspirin (အက်စပရင်)၊ Ibuprofen (အိုင်ဘူပရိုဖင်)၊ Naproxen (နက်ပရောက်ဆင်) နဲ့ Nabumetone (နဗြူမီတုံး) တွေကို အသုံးများတယ်။ အများဆုံး နာတာအတွက် သုံးတယ်။ အဖျားလဲကျမယ်။ အရောင်လဲလျှော့မယ်။ Arthritis, Bursitis and Tendonitis အဆစ်နာတာတွေအတွက် သုံးတယ်။ ခေါင်းကိုက်၊ အအေးမိ-ချောင်းဆိုး၊ ထိခိုက်ဒဏ်ရာရလို့နာတာ၊ Menstrual cramps ရာသီလာလို့နာတာအတွက်လဲ သုံးနိုင်တယ်။
တချို့ဆေးတွေမှာ ထူးခြားတဲ့ သတ္တိမျိုးလဲ ရှိသေးတယ်။
• Aspirin (အက်စပရင်) တမျိုးထဲကိုသာ Strokes (စထုပ်ခ်) နဲ့ Heart attacks နှလုံး (အတက်ခ်) ရမှာ ကာကွယ်ဘို့ သုံးတယ်။ (အက်စ်ပရင်) ကို သွေးမခဲစေအောင် သုံးတာဖြစ်တယ်။ ၄-၇ ရက်အထိ အချိန်ဆွဲပေးတယ်။
• Aspirin (အက်စပရင်) ဘယ်လောက်ပေးမလဲ -
• Ankylosing Spondylitis, Osteoarthritis, Rheumatoid arthritis, SLE-associated arthritis and pleurisy = 3 grams per day in divided doses
• Fever Pain = 325 to 650 mg orally or rectally every 4 hours as needed, not to exceed 4 g/day
• Rheumatic Fever = 80 mg/kg/day orally in 4 equally divided doses, up to 6.5 g/day
• Myocardial Infarction = 160 to 162.5 mg orally once a day beginning as soon as an acute myocardial infarction is suspected and continuing for 30 days
• Ischemic Stroke = 50 to 325 mg orally once a day
• Angina Pectoris = 75 mg to 325 mg orally once a day
• Angina Pectoris Prophylaxis = 75 mg to 325 mg orally once a day, continued indefinitely
• Thromboembolic Stroke Prophylaxis = 75 mg to 325 mg orally once a day, continued indefinitely
• Myocardial Infarction Prophylaxis = 75 mg to 325 mg orally once a day, continued indefinitely
• Ischemic Stroke Prophylaxis = 75 mg to 325 mg orally once a day, continued indefinitely
• Coronary artery bypass graft = 325 mg orally once a day beginning 6 hours after the procedure and continuing for 1 year or indefinitely as needed
• Percutaneous transluminal coronary angiography = 325 mg orally once 2 hours prior to procedure, then 160 to 325 mg orally once a day indefinitely
• Carotid endarterectomy = 80 mg orally once a day up to 650 mg orally twice a day beginning prior to surgery and continuing indefinitely
• Vioxx နဲ့ Bextra တွေကို ဈေးကွက်မှာ ရောင်းခွင့် ပိတ်လိုက်ပြီ။
• Ketorolac (Toradol) ဆေးကို သိပ်နာတာအတွက် ဘိန်းပါတဲ့ဆေးကိုသာ သုံးရမှာမျိုးကို ရက်တိုတိုပေးနိုင်တယ်။ ၅ ရက်ထက်ပို ကြာကြာပေးရင် အစာအိမ်ကို ထိခိုက်စေနိုင်တယ်။ ထိုးဆေးကို 15 to 60 mg ကို ၆ နာရီတခါ ထိုးပေးနိုင်တယ်။ တနေ့မှာ 60 or 120 mg ထက်မများစေရဘူး။ စားဆေးကို တခါသောက် ၁ ပြား၊ ၄-၆ နာရီတခါ ပေးတယ်။ တနေ့မှာ 40 mg ထက်မပိုရဘူး။
• Celecoxib (Celebrex) ဆေးက COX-2 ကိုပိုသက်ရောက်တယ်။ COX-1 ကို နည်းနည်းသက်ရောက်တယ်။ အစာလမ်းကို သိပ်မထိခိုက်စေဘူး။ 100-200 mg တနေ့ ၁-၂ ကြိမ်။ Osteoarthritis အရိုး-အဆစ်ရောင်တာအတွက် 100 mg တနေ့ ၂ ကြိမ်၊ ဒါမှမဟုတ် 200 mg တခါတည်းသောက်။ Rheumatoid arthritis (ရူမက်တစ်) အဆစ်နာအတွက် 100 or 200 တနေ့ ၂ ကြိမ်။ Menstrual cramps ရာသီလာလို့ နာတာအတွက် 400 mg တခါတည်းသောက်ပါ။ လိုသေးရင် 200 mg တနေ့ ၂ ကြိမ်သောက်ပါ။ Familial adenomatous polyposis (FAP) ခေါ်တဲ့ မွေးရာပါ အူမကြီးထဲ အသားပိုလေးတွေကြောင့်နာတာအတွက် 400 mg တနေ့ ၂ ကြိမ်။
NSAIDs တွေရဲ့ ဘေးထွက်-ဆိုးကျိုးတွေက အန်၊ ပျို့၊ ဝမ်းချုပ်၊ ဝမ်းပျက်၊ အစားအသောက်ပျက်၊ ခေါင်းကိုက်၊ ခေါင်းမူး၊ အရေပြားအနီပြင်ထွက်၊ အိပ်ချင်။ တချို့ကို ခြေ-လက်ရောင်စေတယ်။
အဆိုးဆုံးဖြစ်စေတာက Ulcers လေနာ၊ Bleeding သွေးယိုတာ၊ Kidney failure ကျောက်ကပ်ထိခိုက်တာ၊ ရှားရှားပါးပါး Liver failure အသဲထိခိုက်တာ။ ကလေးငယ်တွေကို Aspirin မပေးသင့်ဘူး။ Chickenpox ရေကျောက် နဲ့ Influenza တုပ်ကွေး ဖြစ်နေရာကနေ ဒီဆေးပေးရင် Reye's syndrome ခေါ်တဲ့ အသဲရောဂါရစေနိုင်တယ်။
NSAIDs ဆေးတွေကို Classification အုပ်စုခွဲထားတယ်။
1. Salicylates
- Aspirin (Acetylsalicylic acid)
- Diflunisal
- Salsalate
2. Propionic acid derivatives
- Ibuprofen
- Dexibuprofen
- Naproxen
- Fenoprofen
- Ketoprofen
- Dexketoprofen
- Flurbiprofen
- Oxaprozin
- Loxoprofen
3. Acetic acid derivatives
- Indomethacin
- Sulindac
- Etodolac
- Ketorolac
- Diclofenac (FDA ကနေ စိတ်ချရမှုကို သတိပေးထားတယ်။)
- Nabumetone
4. Enolic acid (Oxicam) derivatives
- Piroxicam
- Meloxicam
- Tenoxicam
- Droxicam
- Lornoxicam
- Isoxicam
5. Fenamic acid derivatives (Fenamates)
- Mefenamic acid
- Meclofenamic acid
- Flufenamic acid
- Tolfenamic acid
6. Selective COX-2 inhibitors (Coxibs)
- Celecoxib (FDA ကနေ စိတ်ချရမှုကို သတိပေးထားတယ်။)
- Rofecoxib (တရားဝင်ရောင်းချခွင့် ပိတ်ထားတယ်။)
- Valdecoxib (တရားဝင်ရောင်းချခွင့် ပိတ်ထားတယ်။)
- Parecoxib (FDA တရားဝင်ရောင်းချခွင့် ပိတ်ထားတယ်။ ဥရောပမှာရောင်းတယ်။)
- Lumiracoxib (သြစတြေးလျ TGA က ပြန်ပိတ်လိုက်တယ်။)
- Etoricoxib (FDA တရားဝင်ရောင်းချခွင့် ပိတ်ထားတယ်။ ဥရောပမှာရောင်းတယ်။)
7. Sulphonanilides
- Nimesulide (အသဲကိုထိခိုက်စေနိုင်လို့ နိုင်ငံအတော်များများမှာ ပိတ်ထားတယ်။)
8. Others
- Licofelone
- Lysine clonixinate
1. Narcotic Pain Medications ဘိန်းပါတဲ့ အနာသက်သာဆေး အပြင်းစားများ http://dts-medicaleducation.blogspot.in/2013/10/narcotic-pain-medications.html
2. NSAIDs (1) အကိုက်အခဲပျောက်ဆေးများ http://dts-medicaleducation.blogspot.in/2012/06/nsaids.html
3. NSAIDs (2) အကိုက်အခဲပျောက်ဆေးတွေကို လေ့လာခြင်း http://dts-medicaleducation.blogspot.in/2011/11/nsaid.html
4. Painkillers (1) အနာသက်သာဆေးများ (၁) http://dts-medicaleducation.blogspot.in/2012/06/painkillers.html
5. Painkillers (2) အနာသက်သာဆေးများ (၂) http://dts-medicaleducation.blogspot.in/2013/11/painkillers-2.html
Dr. တင့်ဆွေ

Comments
Post a Comment