Halloween ဟဲလိုဝင်း

အမေရိကန်တွေသာ ခရေးဇီးဖြစ်တဲ့ အားလပ်ရက်သာဖြစ်ပါတယ်။ သမိုင်းလှန်ရင် နှစ် ၂ဝဝဝ ရှိပြီလို့ဆိုပါတယ်။ သရဲပွဲလို့ ပြောနိုင်တယ်။ ခရစ်ယန်ဘာသာတွေသာလုပ်ကြတယ်။ အမေရိကကိုအသစ်ရောက်လာကြတဲ့ အင်္ဂလန်နိုင်ငံ ဝေးလ်စ်နဲ့ စကောတလန်နယ်သားတွေကနေ အရင်ကျင်းပနေတဲ့နည်းနာတွေ ဆောင်ပုဒ်တွေကို မွမ်းမံရာကနေ ကနေ့လို ဖြစ်လာတယ်။ Trick or Treat လို့ပြောကြတယ်။ လှည်ဖျားမှုနဲ့ အစားအသောက်။

အောက်တိုဘာလ ၃၁ ရက်နေ့ညမှာ သေဆုံးသွားသူတွေရဲ့ ဝိညာဉ်တွေက နေအိမ်တွေကို ပြန်လာသတဲ့။ တစ္ဆေသူရဲအဖြစ် လာမယ်။ အဲတာတွေအိမ်ထဲမဝင်နိုင်အောင် အိမ်အဝမှာ စားကောင်းသောက်ဖွယ်တွေ ချထားပေးရတယ်။ အိမ်ရှင်တွေကလည်း သူရဲအဝတ်အစားတွေဝတ်ထားတော့ တကယ့်သူရဲတွေက သူတို့လိုသူရဲ့ဖရင်းတွေပဲမှတ်အောင် အယောင်ဆောင်ရတယ်။

တကယ်တော့ ဘာသာရေးမဟုတ်ပါ။ စီးပွါးရေး။ ကနေ့ အမေရိကမှာ ခရစ်မတ်ပြီးရင် ဒုတိယလိုက်တဲ့ စီးပွါးရေးလုပ်ငန်းလို့ ပြောနိုင်တယ်။ ၂ဝ၁၆ ခုနှစ်က ၈့၎ ဘီလီယန် ဒေါ်လာ သုံးခဲ့ဖြုန်းခဲ့ကြတယ်။ သူရဲအဝတ်အစားအတွက် ကုန်တာက များတယ်။ လက်ဆောင်၊ ချောကလက်နဲ့ စားစရာ သောက်စရာတွေအတွက် သုံးကြတာ။ ရွှေဝါရောင်ဖရုံသီး အကြီးကြီးတွေကို ပုံစံဒီဇိုင်းအမျိုးမျိုးလုပ်ကြတယ်။ တစ္ဆေသူရဲ ပုံပြင်တွေ ရုပ်ရှင်တွေထဲမှာ လင်းနို့၊ ကြောင်၊ ဇီးကွက်၊ အရိုးစုပဒေသာ၊ စုန်းမတွေပါတယ်။

ကျွန်တော်လည်း မနေ့က ကျောင်းကနေ လက်ဆောင်ပစ္စည်းပုံးလေးတပုံးရတယ်။ ပျော်စရာလို့ မထင်ပါနဲ့ဦး။ ကိုယ်ကနေ အဲလိုလက်ဆောင် ၂ ပုံး သူများကိုပေးရမှာတဲ့။ ကုန်မှာပေါ့။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး