Flying Ducks ခေါင်းစိမ်းဘဲ

ကျွန်တော့်ပို့်စ်တခု = Autumn သစ်ရွက်ကြွေ နွေမဟုတ်

ကွန်မင့်တခု = နွေရောက်ပြီလေ ရိုးတံကျဲကျဲပင်အိုတို့ အလှချင်းလည်းပြိုင် နွေကို မျှော်နေသူ ဥသြလေးတွေရေ ၊

ပုံက ဆောင်းအကြို သစ်ရွက်တွေ အရောင်စုံပြောင်းပြီးသကာလ ကျွေကျကြချိန်မှာဖြစ်ပါတယ်။ နွေရှုခင်းက တမျိုး။ နွေငှက်က တမျိုး။

ဒီအချိန်မှာ ဘဲအုပ်တွေ နေရာပြောင်းကြပြီ။ ခေါင်းပေါ်မှာ သူတို့အော်သံတွေ ကြားရတယ်။ အဲလို လေမှာပျံတဲ့ဘဲမျိုးကို အရင်ကမတွေ့ဘူးပါ။ အသံကျယ်ကျယ်ကြားလို့ မော့ကြည့်မှ ဘဲဆိုတာသိတယ်။

Mallard Duck လို့ခေါ်တယ်။ သေချာကြည့်ရင် ခေါင်းကစိမ်းနေတယ်။ ခေါင်းစိမ်းဘဲတွေဟာ အောက်တိုဘာနဲ့ နိုဝင်္ဘာလတွေမှာ မိတ်လိုက်ကြတယ်။ မတ်လမှာ ဥတယ်။ ရာသီဥတုမျှတဲ့ဆီကို နေရာပြောင်းကြတယ်။ မပြောင်းခင် အစားအစာတွေဝလင်အောင်သာမက သိုလှောင်ဘို့ပါစားထားကြလို့ ကိုယ်အလေးချိန် ၂ဝ% ကနေ ၅ဝ% အထိက အဲတာနဲ့ပိုလေးနေကြတယ်။ နေရာပြောင်းတာကိုလေ့လာတော့ မိုင်ပေါင်း ၈ဝဝ အထိ ပျံသန်းနိုင်ကြတယ်လို့သိရတယ်။ အမြင့်ပေ ၄ဝဝ ကနေ ၂ဝဝဝ ကြားမှာနေရာပြောင်းတော့ပျံသန်းကြတယ်။

မြန်မာနိုင်ငံမှာ မဆလ လက်ထက်က အစစအရာရာ ရှာပါးတယ်။ မော်တော်ဆိုင်ကယ်ဆိုလို့ စစ်သုံးလက်ကျန် ဘီအက်စ်အေနဲ့ ဂျာဝါးဆိုတာသာရှိတယ်။ နောက် ဖွက်ချက်ဖွက်ချက်ပြေးတဲ့ ဆိုင်ကယ်သေးသေးကို ဘဲခေါင်းစိမ်းလို့ ခေါ်ကြတာ သတိရမိတယ်။

ဘဲတွေကတော့ နေရာပြောင်းကြပြီ။ ကျွန်တော်တို့က ချည်တိုင်မှာပဲနေကြရပါတယ်။ တောင်ပံလေးများရနိုင်ရင်တော့

ဒေါက်တာတင့်ဆွေ
၂၂-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး