ရင် နှင့် ယင်

၁။ အမျက်တော်ရှယင် ကို အမျက်တော်ရှရင် လို့ပဲ သင်ခဲ့ရဖူးပါတယ်

၂။ ယင် သမီးတို့က ရကောက်လို့အမှန်ထင်နေတာပါဆရာ ဘယ်ဟာအမှန်လဲ ဆရာ

၃။ ဆရာ အားယင်ရှင်းပြပေးပါ။ လေးစားလျှက်။

အားယင် မဟုတ်။ အားရင်ဖြစ်။ အမှန်က အားရင်ဆိုတာ စကားပြောအသုံးသာဖြစ်တယ်။ အားလျှင်လို့ ရေးရတယ်။ ယင်လို့ရေးတော့ ယင်ကောင်လို့ထင်စေနိုင်တယ်။

ယင်
ကယုကယင်
တန်းဆာဆင်ယင်
တုန်တုန်ယင်ယင်
တုယင်မှန်ကင်း
ယင်ပျားကောင်
ယင်မမဲရိုင်း
ယင်ရဲ
ယင်ကောင်
ယင်ချေးဥ
ယင်ပေါင်ငှက်
ယင်ပေါင်စာငါး
ရက်ကန်းယင်သွား
ယောင်ယင်ငှက်
ရေယင်မျှော်ရွာ

ရင်
ကရင်လူမျိုး
ထဘီရင်လျား
ရင်ကွဲစရပ်
ရင်ကွဲမြှုံး
ရင်ကျပ်ရောဂါ
ရင်ခတ်ပန်း
ရင်ခွင်ပိုက်
ရင်ခုန်
ရင်ချင်းဆိုင်
ရင်စည်းပဝါ
ရင်စို့ (နေရာ)
ရင်တုန်
ရင်ထုမနာ
ရင်ပတ်စည်တီး
ရင္ဖံုးအက်ႌ
ရင်ကြားစေ့
ရင်ဘတ်
ရင်ပြင်တော်
ရင်သပ်ရှုမော
ရင်သပ်အံ့သြ
ရင်သား
ရင်အုံ
ရင်အုပ်မကွာ
ရင်ချောင်
ရင်စေ့အင်္ကျီ
ရင်ပေါင်တန်း
ရှင်ဘုရင်
ကျောင်းရင်ပြင်
စေတီရင်ပြင်

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး