Driving license ယာဉ်မောင်းလိုင်စင်
ကျွန်တော်တို့ခေတ်ကို ဟိုတခါတုန်းကလို့ ပြောနိုင်ပြီ။ ကျွန်တော့်ကိုယ်ပိုင်ပစ္စည်းလေးတွေကိုလည်း ရှေးဟောင်းပစ္စည်းလို့ပဲ ပြောရတော့မယ်။ အမျိုးသားမှတ်ပုံတင်ရှိသေးတယ်။ ဆမစာအုပ်ရှိသေးတယ်။ ကားမောင်းလိုင်စင်ရှိသေးတယ်။
ခေတ်လူတွေအများစုက ပါလီမာန်ဒီမိုကရေစီခေတ်ကို မမှီလိုက်ကြမယ်။ (မလဆ) ခေတ်ကို ရိပ်ဖမ်းသံဖမ်းသာ ကြားဖူးကြမယ်။ ၁၉၉ဝ ရွေးကောက်ပွဲမှာ မဲမထည့်ခဲ့ရသူတွေကများတယ်။ ပြည်ပနိုင်ငံရေး ရေးရေးပဲသိကြမယ်။ ကိုယ့်နိုင်ငံသမိုင်းကို မမီသူတွေနဲ့ အမှန်ကိုလေ့လာခွင့်မရသူတွေက အမျိုးရယ်ဘာရယ်ကို ချစ်ပြနေကြတယ်။ တိုင်းပြည်ကိုချစ်တာတော့ ဟုတ်ပါမလား မသိ။
ကျွန်တော်က ကိုယ်ပိုင်တာနဲ့ ကိုယ်မွေးရာကို တန်ဖိုးထားတယ်။ ကျွန်တော့်ယာဉ်မောင်းလိုင်စင် ၁၉၉၄ ခုနှစ်မှာ သက်တမ်း ကုန်ခဲ့ပါပြီ။ ဆမစာအုပ်က ၃၁-၁၂-၁၉၈၇ မှာ ကုန်ဆုံးတယ်။ ကျွန်တော်ကတော့ ငယ်ဘဝကို မမေ့ပါ။ ရွှေထီးဆောင်းခဲ့ရတာလည်း မဟုတ်ပါ။
ဒေါက်တာတင့်ဆွေ
၂ဝ-၉-၂ဝ၁၆
၂ဝ-၉-၂ဝ၁၇

Comments
Post a Comment