Home ဘေးတွေက ကင်းကြစေ

သဘာဝဘေးကြောင့်ဖြစ်ဖြစ် လူလုပ်တဲ့ဘေးကြောင့်ဖြစ်ဖြစ် မိတကွဲဖတကွဲဖြစ်ကြရသူတွေရှိတယ်။ သဘာဝဘေးကြောင့် တိုင်းပြည်ကနေထွက်ပြေးရသူတော့ မရှိလောက်ပါ။

လူလုပ်တဲ့ဘေးကြောင့် နေအိမ်နဲ့ တကွဲစီဖြစ်သွားရသူတွေထဲမှာ ကျွန်တော်တို့လည်းပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်ဇနီး။ သူ့မှာက မောင်နှမအရင်း မရှိ။ မိဘနှစ်ပါလုံးလည်း ကွယ်လွန်ကြလို့ နေအိမ်ကလေးကို ပိတ်ထားရတာကြာပြီ။

ကျွန်တော်တို့နှစ်ယောက်ဆောက်ခဲ့ကြတဲ့ ကိုယ်ပိုင်အိမ်လေးကတော့ ချိပ်ဖွင့်ရချိန်မှာ ပျဉ်ပုံသာသာကျန်တော့တယ်။ ဆေးခန်းလေးကိုသာ ကြည့်ကောင်းအောင်ပြင်နိုင်တယ်။

ကျွန်တော်တို့သမီး သူ့အမေရဲ့ အိမ်ဟောင်းလေးကို သွားကြည့်တယ်။ အလှူတုန်းက သူနားထွင်းရစဉ်က ရိုက်ထားတဲ့ဓါတ်ပုံ အိမ်ထဲမှာချိတ်ထားတယ်။ သူ့မိဘတွေ ဘွဲ့ဝတ်စုံကိုယ်စီနဲ့ပုံတွေလည်း တွေ့ခဲ့လိမ့်မယ်။

မြန်မာနိုင်ငံသားတွေ သဘာဝဘေး လူလုပ်တဲ့ဘေးတွေကနေ ဝေးကြပါစေ။

ဒေါက်တာတင့်ဆွေ
၂ဝ-၉-၂ဝ၁၇

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Alinamin F ထိုးဆေး