Genius ထူးတဲ့ပါရမီ

ရွက်ကြွေရာသီအောက်မှာ သူငယ်ချင်းဆရာဝန်က မင်းဟာ ဗေဒင်ဆရာ၊ ပန်းချီဆရာ၊ ဓမ္မကထိက၊ စွယ်စုံရလို့ ခပ်နောက်နောက် ရေးလာတယ်။

အေးကွာ့ ရီစရာ၊ ငိုစရာ၊ အဖမ်းခံချင်စရာလည်းပါတာပါ့။

သင်ထားတာက ဆေးပညာ၊ ဆရာဝန်လုပ်သက်ထက်ကြာတာက နိုင်ငံရေး။ နိုင်ငံရေးက လစာမဲ့ပင်စင်ပေးတော့ စာတွေရေး။ ရေးတာကလည်း ဆေးစာနဲ့ နိုင်ငံရေး။ ဘယ်အရေး ရေးရေး၊ ခံစားမှုဆိုတာ ပါတယ်မဟုတ်လား။ လူတိုင်းမှာ အဲတာတွေ အစုံအကုန်ပါကြတယ်။

အဲ့ အဖမ်းခံချင်စရာကတော့ ပါရမီရှိမှရတယ်။ ကျွန်တော့်ကို ထောက်လှမ်းရေးကလာဖမ်းတဲ့ ကျွန်တော့်အိမ်ရှိတဲ့ ပုလဲမြို့က ရပ်ကွက်ကို ပါရမီလို့ အမည်ပေးခဲ့တယ်။ ကျွန်တော့်ပါရမီဆိုတာ အဲတာသာ။

ဒေါက်တာတင့်ဆွေ
၂၃-၉-၂ဝ၁၆
၂၃-၉-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး