Sentiment ခံစားချက်လား

၁။ ရှလွတ် သရေကျ နေပီဆရာ
ဆရာလုပ်တဲ့အကျင့်ပါလို့ သွားရည်လို့ရေးရတယ်။ ပြီလို့ရေးရတယ်။ သရေဆိုရင် ဘောလုံးပွဲ။ ပိပီဆိုတာ ခရာ။ Smile!

၂။ စကားလုံးတွေမှားနေတာက မြန်မာဇာတ်ကားတွေ ကြည့်လိုက်ပါခမျာ ကြေကြေနပ်နပ် မှားနေကြလိမ္မယ်။
ဆရာလုပ်တဲ့အကျင့်ကပါလို့ ကျေကျေနပ်နပ်လို့ ရေးရမယ်။ Smile!

၃။ စာလုံးပေါင်းသတ်ပုံတွေကို တချို့အလေးမထားကြတော့ဘူး။ အများညီ ဤ ကို ကျွဲ ဖတ်ဆိုတာလိုဖြစ်နေကြပြီ။
ပြင်လာကြတာ ဆရာသိတယ်။ ဂျာနယ်တချို့တောင် ပြင်လာကြတယ်။
ကောင်းတယ်။ Big Smile!

၎။ အစားအသောက်အောက်မှာ စာတောင်လာပြီလို့ရေးတယ်။
ဆာလို့ရေးရမယ်၊ စာဆိုရင် စာကလေးဖြစ်သွားမယ်လို့ရေးတော့ သူကလည်း ဟုတ်ဆရာလို့ ရေးပါတယ်။

၅။ တစ်မရေးသင့်တာကိုရေးလို့ ပြင်ပေးတော့၊ ဟုတ်ဆရာ ပြင်ရေးတော့မယ်တဲ့။
ပြုပြင်ရလွယ်ကူသူဆိုတာ များများမရှိပါ။ ဆုံးမရလွယ်သူလို့ရှိတယ်။ အခံပါရမီမရှိရင် ပြင်ဘို့မလွယ်၊ ဆုံးမရခက်တယ်။ ကိုယ့်သားသမီးတွေပဲကြည့်။ ကိုယ့်ကျောင်းသူကျောင်းသာတွေပဲကြည့်။ တချို့သာ ရသွားကြတယ်။

ဒေါ်မြမြအေးက မအိပ်ခင်ပြောတယ်။ သတ်ပုံအတွက် ခံစားချက်တွေ သိပ်ထားမနေပါနဲ့။ ရမှာလည်း မဟုတ်ဘူးတဲ့။ ဘာမှပြန်မပြောမိပါ။ ခံစားချက်ဆိုတာကို ခုထိစဉ်းစာနေမိတယ်။ အိပ်ရာထဲမှာပါ ဆက်စဉ်းစားရအုန်းမယ်။ စဉ်းစားနေတာ တနှစ်တိတိရှိသွားပြီ။

ဒေါက်တာတင့်ဆွေ
၂၈-၉-၂ဝ၁၆
၂၈-၉-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ