Thursday, September 28, 2017

လတ်လတ်ဆတ်ဆတ်

၁။ လတ်လတ်ဆပ်ဆပ်စားရတော့ ကောင်းလိုက်တာဆရာ။ မြန်မာပြည်မှာတော့ အခွံဖယောင်းသုတ်ထားတဲ့ ပန်းသီးတွေပဲ စားနေရတုန်းဆရာရေ။

၂။ လတ်လတ်ဆပ်ဆပ်ပန်းသီးတွေ စားချင်တယ်။

လတ်လတ်ဆတ်ဆတ်လို့ရေးရတယ်။

လတ်
ကျိုက်လတ်မြို့
ဆလတ်ရွက်
ဆိုလတ္တံ့
ညိုပြာဝင်းလတ်
ဖျပ်ဖျပ်လတ်လတ်
မီးပလတ်
လတ္တီတွဒ်
လတ်ဆတ်
လတ်တလော
လတ်လတ်ဆတ်ဆတ်
လတ်လတ်ဘုန်းရင့် = ဘုန်းတော်ဖြင့်တောက်ပခြင်း
လတ်လတ်လောလော = ချက်ခြင်း၊ ခဏခြင်း
လတ်လျားလတ်လျားမနေသင့်
လတ်ကော့လတ်ကော့
လမ်းခုလတ်
လာလတံ္တ့သော
လာလတ်သောအခါ
သက္ကလတ်
အကြီး၊ အလတ်၊ အငယ်
အယုတ်အလတ်အမြတ်မရွေး
အရှင်လတ်လတ်
အရှင်လတ်လတ်
အလတ်အကြီး
အသားလတ်
ပြောလတ္တံ့

လပ်
ကပ်လပ်ကပ်လပ်
ကွက်လပ်
ဆုလပ် (ဆုလာဘ်)
ဇလပ်ပန်း
တခုလပ်
ကြာကလပ်
ပြတ်လပ်
လစ်လပ်သည်
လွတ်လပ်ရေး
လွတ်လွတ်လပ်လပ်
အကြားအလပ်
အမှုပလပ်

ဒေါက်တာတင့်ဆွေ
၂၉-၉-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆိုရှယ်လစ်ခေတ်၏ ကောင်းကွက်ကိုရှာခြင်း

လုပ်သားပြည်သူနှင့် ဦးကြီးဟု အခေါ်ခံရသူများ၏ စကားဝိုင်းမှာ ပြောကြတယ်။ လုပ်သားပြည်သူ- အဲဒါ ငစိန်နဲ့ မီးဒုန်းခေတ် ဦးကြီး - ဆန်တပြည် ၆၅ ပြ...