Super malaria spreads in South East Asia အရှေ့တောင်အာရှမှာ ဆူပါငှက်ဖျားသတိပေးချက်ထွက်

လွန်ခဲ့တဲ့ ရှစ်နာရီကထွက်တဲ့သတင်းပါ။ လူအတော်များများက စူပါလို့ရေးနေကြတယ်။ စူပါမားကက်၊ စူပါမင်း၊ စူနာမီ၊ မမှန်ပါ။ ဆူပါမားကက်၊ ဆူပါမင်း၊ ဆူနာမီလို့ရေးမှ မှန်တယ်။ အာထွာစောင်း မှားတယ်။ အာထွာဆောင်း မှန်တယ်။

ငှက်ဖျားရောဂါဟာ ခြင်ကနေကူးစက်တယ်။ ကွီနင်းကတည်းပေါ်ခဲ့ပြီးသား ငှက်ဖျားဆေးတွေကို ယဉ်ပါးပြီး ခံနိုင်ရည်ရှိတဲ့ ငှက်ဖျားပိုးတွေ အရှေ့တောင်အာရှမှာတွေ့နေရပြီ။

Artemisinin ဆေးနဲ့ Piperaquine ဆေးအရောကိုသုံးနေတယ်။ အခုတော့ Artemisinin ဆေးက မထိရောက်တာ များလာတယ်။ Piperaquine ဆေးကိုလည်း ခံနိုင်ရည်ဖြစ်လာနေတယ်။ ကမ္ဘောဒီးယားမှာ ၆ဝ% နီးပါး မပျောက်တာ တွေ့လာရတယ်။ အာဖရိကမှာ ၉၂% ဆေးယဉ်နေတယ်။ နှစ်တိုင်း လူပေါင်း ၂၁၂ သန်း ငှက်ဖျားရောဂါရကြတယ်။ ဆေးယဉ်ငှက်ဖျားကြောင့် တနှစ်မှာ လူနာပေါင်း ၇ သိန်း သေဆုံးနေကြရတယ်။

ကမ္ဘောဒီးယားမှာ လေ့လာမှုလုပ်ရာကနေတွေ့တာပါ။ ထိုင်းနိုင်ငံ၊ လာအိုနဲ့ ဗီယက်နမ်တောင်ပိုင်းတို့မှာလည်းရှိတယ်။ ဂရိတ်တားမဲခေါင်ဒေသကို ငှက်ဖျားကခြိမ်းခြောက်နေပြီ။ မြန်မာနိုင်ငံနဲ့နီးစပ်တဲ့ဒေသတွေမှာဖြစ်တယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၂-၉-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး