Food Politics စားစရာနဲ့ နိုင်ငံရေး

ထိုင်း-မြန်မာနယ်စပ်မှာ မျှစ်စားပြီးတက်ခဲ့ရတဲ့ကျူရှင်ကနေ တိုင်းရင်းသားအရေး၊ ဖက်ဒရယ်အကြောင်းတွေ သင်ယူခဲ့ပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်မှာ ဂေါ်ရခါးသီးစားပြီး လုရှိုင်း ခေါ် မီဇိုးလူမျိုးတွေအကြောင်းသိခဲ့တယ်။

မဆလာရှောင်စာရင်းနဲ့ အိန္ဒိယတိုက်ငယ်က နိုင်ငံရေးနဲ့ လူမှုရေးတွေ လေ့လာခဲ့ရတယ်။

စစ်အာဏာရှင်ကြောင့် စားလက်စညစာ ကုန်အောင်မစားရဘဲ ထွက်ပြေးခဲ့ရတယ်။

အခုတော့ တခါတခါ ဘာဂါစားရတဲ့ နိုင်ငံမှာနေပြီး ငပိချက်နဲ့ တို့စရာ ကုန်အောင်စားချင်လာတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၉-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး