မို

ကျွန်တော့်ပို့စ်တခု = Candid V6 ဆေး (ခလေး မိုချင်သေးလို)

ကွန်မင့်များ
1. သူရေးတာကကလေး မလိုချင်သေးဘူးလို့ ဆိုလိုတာပါ ခေတ်စကားကို ဆေးပညာအမေးမှာ လာသုံးတာပါဆရာ။
2. ခုခေတ် သုံးနေကြတဲ့ စကားတွေနဲ့ မရိုမသေမေးမြန်းတာတော့ လွန်တာပေါ့။
3. ကလေးမလိုချင်သေးလို့ပြောတာပါ ဆရာ ခုခေတ်ဗန်းစကားသဘော fb မှာသုံးနေကြတာပါ
4. ဆေးကို တလွဲသုံးနေတာများလား
5. မလိုချင်သေးလို့ ရေးတာနေမှာပါဆရာ
6. ကလေးမလိုချင်သေးတာလားလို့ တွေးမိတယ်။ ဟုတ်မဟုတ်မသိ။

မို
မိုမောက်
ပိုမို
လင်ဘုန်းမို

မိုရ်
မြင့်မိုရ်တောင်
တောင်တွင်မြင်းမိုရ်

ကျွန်တော်လည်း ကိုယ်ဝန်ဖျက်ချင်တာကိုမေးတာလို့ သံသယရှိတယ်။ ဒါပေမယ့် ဆေးကတခြားဆေးဖြစ်နေတယ်။ စာမှားနေတဲ့မေးခွန်းကို ဆရာဝန်ကပါမှားဖြေလို့ မသင့်ပါ။ အခုမေးခွန်းမှာ အသက်နှစ်ချောင်းနဲ့ဆိုင်နေတယ်။ သူငယ်ချင်းတွေ သမီးရည်းစားတွေ လင်မယားတွေ အချင်းချင်းနားလည်သလိုရေးကြတာ ဆရာဝန်ကပြောဘို့မရှိပါ။ ဆရာဝန်ဆီစာရေးရင်တော့ မမှားကြစေချင်ပါ။

ဒေါက်တာတင့်ဆွေ
၂၂-၉-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး