ယောက် နှင့် ရောင်

သို့မဟုတ်

မှန်အောင်မရေးလိုသူများ တခြားကိုသာမေးကြပါရန်

ကျွန်မတူလေးအမည်က မောင့့်။ အသက်က ၇နှစ်။ လွန်ခဲ့သော ၅ရက်က တူလေးသူငယ်ချင်းက လက်နဲ့ထိုးတာ မျက်စိစွန်နားထိသွားပါတယ်။ အိမ်ရောက်တော့ ယောက်ပြီး ပုံထဲက အတိုင်းနီသွားပါတယ်ဆရာ။ ဆေးခန်းပြတာ ဆရာမက စိတ်ပူစရာမလိုဘူးလို့ပြောပေမဲ့ တူလေးအမေက အရမ်းစိတ်ပူနေလို့ပါဆရာ။ မျက်စိထိပြီးနောက်ရက် အဖျားတက်ပြီး တကိုယ်လုံး ရေကြည်ဖုတွေထွက်နေလို့ပါဆရာ။ မျက်စိက စိတ်ပူရပါသလားဆရာ။ ဘာဆေးထည့်ရမလဲ ဆရာ။

မျက်စိစွန်နားထိသွားပါတယ်ဆိုတာ မရှင်းပါ။ မျက်စိ + နားကိုထိခိုက်သလိုဖြစ်နေတယ်။ မျက်စိစွန်ရောဂါလည်းရှိတယ်။ စာကိုရှင်းလင်းအောင်ရေးသင့်တယ်။ ပုံအရ မျက်စိအဖြူလွှာမှာဖြစ်တာ မစိုးရိမ်ရ။ Cipro, Gentamycin မျက်စဉ်း တခုခု ၄-၅ ရက်ခတ်နိုင်။ အရည်ကြည်ဖုဆိုတာ ဗိုင်းရပ်စ်တမျိုးမျိုးလို့ ထင်ရ။ အလိုလိုပျောက်နိုင်။ ပါရာစီတမောဆေးကို  ကလေးအသက်အရ တိုက်နိုင်။ ယောက်ပြီးလို့မရေးရ။ ရောင်ပြီးလို့ရေးရတယ်။

ယောက်
ချည်ယောက်သည်
ဂယောက်ဂယက်
တယောက် နှစ်ယောက်
ပန်းကန်ခွက်ယောက်
ပုဆိုးကိုလည်မှာ ယောက်သည်
ရက်ဖေါက်ယောက်သည်
ယောက်ခမ
ယောက်ချိုဇွန်း
ယောက်ဖ (ဆွေးမျိုး)
ယောက်ဖခွေးခေါ်ငှက်
ယောက်မ (ဟင်းမွှေစရာ)
ယောက်မ (ဆွေမျိုး)
ယောက်ယက်ခပ်သည်
ယောက်ယက်ဆံ
ယောက်ယား = ယောက်ျား
ယောက်လုံး
ယောက်သွား
ယောက်ျား

ရောင်
ကိုယ်လက်ရောင်ရမ်း
လရောင်
အလင်းရောင်
အရောင်အဆင်း
နေရောင်
ဖေါရောင်သည်
ဖေါရောင်သည်
ရောင်ဆင်းတင့်တယ်
ရောင်ညီး
ရောင်ခြည်တော်
ရောင်ပြန်ဟပ်
ရောင်ရင်ငှက်
ရောင်လျှံတော်
ရောင်ဝှန်
ရောင်ဝါထိန်ညီး
ရောင်အန်း မို့ဖောင်း
ရွှေဘုန်းတော်ရောင်ခြည် ခြောက်ရောင်ကွန့်မြူးသည့့်

ကျွန်တော့်ဆီစာရေးရင်တော့ မှန်စေချင်တယ်။ သတ်ပုံမမှားစေချင်ပါ။ အဲလိုမရေးလိုသူတွေက တခြားမှာသာ မေးပါရန်။

ဒေါက်တာတင့်ဆွေ
၂၂-၉-၂ဝ၁၇

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး