Aura ဈာန်

စာရေးဆရာတွေ ကဗျာဆရာတွေက ဈာန်ဝင်တုန်းမှာရေးတာလို့ ပြောကြတယ်။ စာရေးဆရာ ကဗျာဆရာမဟုတ်တဲ့ ကျွန်တော်ကတော့ ကွန်မင့်တွေ ဖတ်တဲ့အခါ ဈာန်ဝင်ပါတယ်။

ဆေးပညာနဲ့မဆိုင်တဲ့ သုတအကြောင်းအောက်မှာ ဆရာ့ကျန်းမာရေးစာတွေကို အမြဲဖတ်ပါတယ်တဲ့။

ကြော်ငြာဆေးတွေ မသင့်ပါလို့ရေးတဲ့အောက်မှာ အဲဒီဆေးဘယ်မှာဝယ်ရမလဲတဲ့။

နိုင်ငံရေး ရေးတိုင်းမှာ ဘလော့စရာပေါ်တယ်။

သတ်ပုံကိုသက်သေပြချင်လို့ မူလလက်ဟောင်းကဗျာကောင်းတွေတင်ရင် ကဗျာကောင်းတယ်သာပြောတယ်။ သတ်ပုံတော့ သတိမထား။

လောကသဘာဝ အလှအပလေးတွေနဲ့ ဆင်ခြင်စရာလေးတွေထည့်ရေးတော့ ပုံလေးကလှလိုက်တာတဲ့။

ကွန်မင့်တွေဖတ်ရင် မရသေးတဲ့ဈာန်လျှောတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၉-၂ဝ၁၆
၂၂-၉-၂ဝ၁၇

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး